နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင့်ကူဆိပ်ကဲ့သို့ အဆိပ်ထွက်သည့် အဆိပ်ပင်တစ်မျိုးကို သြစတြေးလျသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

စက်တင်ဘာ ၁၈၊ ဆစ်ဒနီ


အဆိပ်ပြင်းပင့်ကူများ၊ မြွေများ ပေါများသည့် သြစတြေးလျနိုင်ငံတွင် ပင့်ကူအဆိပ်နှင့်တူသည့် အဆိပ် တစ်မျိုးထွက်သည့် အဆိပ်ပင်တစ်ပင်ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။ ကွင်းစ်လန်းတက္ကသိုလ်မှ သုတေသီအဖွဲ့မှာ ယခင်က နျူရိုတောက်ဆင် (neurotoxin)အဆိပ်ကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။ အဆိုပါအဆိပ်မှာ ပင့်ကူများ၊ ကန်တော့ချွန်ခရုများတွင် တွေ့ရသည့် အဆိပ်နှင့် အလားသဏ္ဍာန် တူညီသည်။


အပင်ကြီးများအောက်တွင် ပေါက်လေ့ရှိသည့်  Dendrocnide အဆိပ်ပင်၏ အဆိပ်မိပါက ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပေါင်းများစွာအထိ နာကျင်မှုဝေဒနာ ခံစားရစေနိုင်သည်ဟု ဆိုသည်။ ယခုတွေ့ရှိမှုမှာ နာကျင်မှုဝေဒနာ ခံစားနိုင်စွမ်းရှိသည့် အာရုံကြော၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်သစ်များ ဖော်ထုတ်ပေးနိုင်ပြီး အကိုက်အခဲပျောက်ဆေးများ ဖော်စပ်ရာတွင် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု သုတေသီ များက မျှော်လင့်နေသည်။


မိုးသစ်တောအတွင်း ပေါက်ရောက်သည့် ဖက်ယားပင်အမျိုးအစားဖြစ်သည့် Dendrocnide အဆိပ်ပင် ကို သြစတြေးလျနိုင်ငံ အရှေ့ပိုင်းဒေသများတွင် တွေ့ရလေ့ရှိသည်။ Dendrocnide အဆိပ်ပင်မှာ အခြား ဖက်ယားပင်များကဲ့သို့ တစ်ပင်လုံးတွင် အပ်ပုံစံ အမွေးအမျှင်များ ဖုံးနေပြီး အဆိုပါအမွေးအမျှင်များဖြင့် ထိုးမိပါက အလွန်ဆိုးရွားသည့် နာကျင်မှုဝေဒနာကို အချိန်အတော်ကြာ ခံစားရနိုင်သည်ဟု ဆိုသည်။                                                                                                                                                


          Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ