နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု နောက်ဆုံးရသတင်းများ

စက်တင်ဘာ ၁၈


COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ သန်း ၃၀ ကျော်ရှိပြီး သေဆုံးသူ ၉၅၀၀၀၀ ကျော် ရှိလာပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများက COVID-19 ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် တက်သုတ်ရိုက် ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် စမ်းသပ်ထိုးနှံမှု အဆင့်(၃)သို့ ရောက်ရှိနေသည့် ဆေးဝါး (၅) မျိုးအထိ ရှိလာခဲ့သည်။


အဆိုပါဆေးဝါး (၅) မျိုးအနက် (၃) မျိုးမှာ တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ အခြေစိုက် ဆေးဝါးကုမ္ပဏီများမှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ တုံဂျီဆေးရုံက တီထွင် ဖော်စပ်သည့် Ad5-nCoV ဆေး၊ ဟီနန်ရောဂါထိန်းချုပ်၊ ကာကွယ်ရေးစင်တာ (Henan Provincial Center for Disease Control and Prevention)က တီထွင်ဖော်စပ်သည့် အမည်မပေးရသေးသည့် ဆေးဝါးတစ်မျိုး၊ တရုတ်နိုင်ငံအခြေစိုက် Sinovac Research and Development Co., Ltd မှ တီထွင်ဖော်စပ်သည့် CoronaVac ဆေးဝါးများမှာ စမ်းသပ်ထိုးနှံမှု အဆင့်(၃)သို့ ရောက်ရှိနေပြီဖြစ်သည်။


အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်သည့် AZD1222 ဆေးဝါး၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကိုင်ဆာကျန်းမာရေးသုတေသနစင်တာက ဖော်စပ်နေသည့် မိုဒါနာ(mRNA-1273) ဆေးဝါးမှာလည်း စမ်းသပ်ထိုးနှံမှု အဆင့်(၃)သို့ ရောက်ရှိနေသည်။   


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ