နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန္ဒပြသူများကို အပူလှိုင်းလက်နက်ဖြင့် ဖြိုခွဲရန် အမေရိကန်အရာရှိများ တောင်းဆိုခဲ့ဟု ဆို

စက်တင်ဘာ ၁၈၊ ဝါရှင်တန်


ပြီးခဲ့သည့်ဇွန်လက အိမ်ဖြူတော်ဘေးရှိ ပန်းခြံအတွင်းမှ ဆန္ဒပြသူများကို အပူလှိုင်းလက်နက်ဖြင့် ဖြိုခွဲရန် အရာရှိများက တောင်းဆိုခဲ့သည်ဟု အမျိုးသားသက်စောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။ လုံခြုံရေးနှင့် ထိန်းသိမ်းရေးအဖွဲ့က Active Denial System (ADS) လက်နက်ကို အသုံးပြုရန် အမျိုးသားသက်စောင့်တပ်ဖွဲ့ထံ တောင်းဆိုခဲ့သည်ဟု ဆိုသည်။ (ADS) လက်နက်ဖြင့် ပစ်ခတ်ပါက အပူလှိုင်းထိမှန်သူမှာ မီးလောင်သကဲ့သို့ ခံစားရမည်ဖြစ်သည်။


ရဲအရာရှိ၏လက်ချက်ကြောင့် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့ခြင်းအပေါ် ဆန့်ကျင်သည့်အနေဖြင့် လာဖာယက်ရင်ပြင်တွင် ဆန္ဒပြသူများကို မဖယ်ရှားမီ ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဟု ဆိုသည်။ အမျိုးသားသက်စောင့်တပ်ဖွဲ့မှာ အပူလှိုင်းလက်နက်ကို ပိုင်ဆိုင်ခြင်းမရှိသကဲ့သို့ အသုံးပြုခဲ့ဖူးခြင်းလည်း မရှိပေ။


လုံခြုံရေးနှင့် ထိန်းသိမ်းရေးအဖွဲ့က အပူလှိုင်းလက်နက်အသုံးပြုရန် တောင်းဆိုခဲ့သော်လည်း ဇွန်လ ၁ ရက်က ပန်းခြံထဲမှ ဆန္ဒပြသူများကို ရှင်းလင်းဖယ်ရှားရာတွင် မျက်ရည်ယိုဓာတ်ငွေ့၊ ရော်ဘာကျည်နှင့် မီးခိုးဗုံးများကိုသာ အသုံးပြုသင့်သည်ဟု တရားဥပဒေစိုးမိုးရေးအရာရှိများက ယုံကြည်ခဲ့သည်။ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့် ပစ်ပေါက်ပြီး မီးရှို့ခဲ့ခြင်းကြောင့် ယင်းတို့ကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့ရသည်ဟု အာဏာပိုင်များက ပြောသည်။ သို့သော် ဆန္ဒပြသူများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းဟု အခင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်များက ဆိုသည်။                                                                                               


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ