နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသာ YBS ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူသုံးဦး ဖမ်းဆီးရမိ

ရန်ကုန် စက်တင်ဘာ ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့်  ခရိုင်မှုခင်း နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းခရိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးခွက်ဈေး အောက်ထိပ်ကားမှတ်တိုင်၌ ခါးပိုက်နှိုက်သတင်းရှိသူ ဇွဲကောင်းထက်(ခ)အောင်အောင်(ခ)ရိုမီယို၊ လူချော(ခ)ကိုရှိုင်းနှင့် မင်းသိန်းနိုင်(ခ)ကတုံး တို့သုံးဦးကို YBS-32 ယာဉ်ပေါ်မှ ဆင်းလာစဉ် တွေ့ရှိစစ်ဆေးရာ ၎င်းတို့လက်အတွင်း ကိုင်ဆောင်ထားသော ငွေ ၂၃,၀၀၀ ကျပ်မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ လူကာ၍ နှိုက်ယူခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့သုံးဦးကို စက်တင်ဘာ ၁၆ ရက်တွင် ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ