နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Honor Hunter V700 Gaming Laptops ကို ကြေညာ

စက်တင်ဘာ   ၁၈


Honor က ဂိမ်းလက်တော့ပ်အဖြစ် Honor Hunter V700 ကို ကြေညာလာပြီဖြစ်သည်။ အဆိုပါလက်တော့ပ် မှာ မျက်နှာပြင် ၁၆ ဒသမ ၁ လက်မရှိပြီး ရုပ်ထွက်ဘောင်အထူ ၄ ဒသမ ၇ မီလီမီတာသာရှိသောကြောင့် FullScreen အတွေ့အကြုံ ခံစားရမည်ဖြစ်သည်။ ကိုယ်ထည်က ၁၉ ဒသမ ၉ မီလီမီတာသာ ထူသည်။ 

အဆိုပါလက်တော့ပ်မှာ အခြားဂိမ်းလက်တော့ပ်များထက် အပူချိန်လျှော့ချပေးနိုင်သည့်စနစ် ပါဝင်သည်။  အလူမီနီယံကိုယ်ထည်သုံးထားပြီး RGB နှစ်သက်သူများအကြိုက် ကျောဘက် Hunter Logo မှာ RGB Light ပါဝင်သလို ကီးဘုတ်နှင့် Air Vent တို့မှာ RGB Light ထည့်သွင်းထားသည်။ ကီးဘုတ်မှ ခလုတ်များ အရောင်များကိုလည်း အရောင်ခွဲပြီး ထည့်သွင်းထားသည်။

လက်တော့ပ်အဖွင့်အပိတ်လုပ်မှုကို အနည်းဆုံး အကြိမ် ၅၀၀၀၀ အထိ ပြုလုပ်နိုင်ခြင်းကြောင့် နှစ်အနည်းငယ်ကြာအထိ အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါလက်တော့ပ်ကို Intel 10th Gen i5-10300H (သို့မဟုတ်) i7-10750H ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်ပြီး 16GB RAM ပါဝင်ကာ 512GB (သို့မဟုတ်) 1TB ဗားရှင်းတို့ဖြင့် ရွေးနိုင်သည်။ ထို့အပြင် NVIDIA GeForce GTX 1660 Ti ၊ RTX 2060 GPU ဗားရှင်းတို့ဖြင့်လည်း ရွေးချယ်နိုင်သည်။

144Hz Refresh Rate နှင့် 100% sRGB Color Gamut ထောက်ပံ့ထားပြီး CS:Go ၊ Valorant ၊ DOTA2 ၊ League of Legends စသည့် ဂိမ်းတို့ကို ကောင်းမွန်စွာ ကစားနိုင်မည်ဖြစ်သည်။ Wi-Fi 6 ပါဝင်ပြီး Audio Output လည်း ပါဝင်သလို 3S Surround Sound Audio လည်း ထောက်ပံ့ထားသည်။

ဘက်ထရီ 56Wh ပါဝင်ပြီး HDMI 2.0 ပေါက်တစ်ခု၊ USB 2.0 ပေါက်နှစ်ခု၊ USB Type C ပေါက်တစ်ခု၊ နားကြပ်ပေါက်၊ USB 2.0 ပေါက်တစ်ခု၊ RJ145 ပေါက်တစ်ခုနှင့် အားသွင်းပေါက်တို့ ပါဝင်သည်။

Honor Hunter Gaming Laptop ကို ဗားရှင်းသုံးမျိုးဖြင့် ရွေးချယ်နိုင်ပြီး i5-10300H/GTX 1600 Ti/512GB/ ကို ၁၁၀၉ ဒေါ်လာ ၊ i7-10750H/RTX 2060/512GB ကို ၁၂၅၇ ဒေါ်လာနှင့် i7-10750H/RTX 2060/1TB ကို ၁၄၇၉ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။                                                 

(သူရိန်)






အခြားဆက်စပ်သတင်းများ