နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Messenger နှင့် Instagram Chat များ ပေါင်းစည်းပေးမည့် App သစ် Facebook ဖြန့်ချိ

စက်တင်ဘာ   ၁၈


Facebook သည် လုပ်ငန်းငယ်များ၏ Page နှင့် Profiles များဆီလာသည့် မက်ဆေ့ချ်များကို စီမံနိုင်မည့် app သစ် တစ်ခုကို ဖြန့်ချိလိုက်ပြီဖြစ်သည်။ Facebook ၊ Messenger နှင့် Instagram app သုံးခုက လာသည့်မက်ဆေ့ချ်များကို အသေးစားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တစ်ပေါင်းတည်းသိနိုင်မည့် app တစ်ခုဖြန့်ချိထားကြောင်း Facebook COO ရှားလ်ဆန်းဘာ့ဂ်က ကြေညာထားသည်။

အဆိုပါ app ကို Facebook Business Suite ဟုခေါ်ပြီး ထို app သုံးခု၏ နောက်ကွယ်က Infrastructure ကို ပေါင်းစည်းပေးသွားမည်ဖြစ်သည်။

ထိုနည်းဖြင့် လုပ်ငန်းငယ်ပိုင်ရှင်များသည် ဖောက်သည်များဆီက မက်ဆေ့ချ်နှင့် Noti များကို စာအဝင်လက်ခံ တစ်နေရာတည်းကနေ ရယူနိုင်မည်ဖြစ်သည်။ The Verge သတင်းကို အတည်ပြုချက်အရ ကုမ္ပဏီအနေနှင့် နောက်ပိုင်းတွင် WhatsApp ကိုပါ ထည့်သွားရန် စီစဉ်ထားသည်။ ထို app က လုပ်ငန်းငယ်များ၏ပို့စ်များကို Facebook နှင့် Instagram တို့ပေါ် တစ်ချိန်တည်း တင်နိုင်မည်ဖြစ်ပြီး အဆိုပါပလက်ဖောင်းများပေါ်က Ad campaigns များ၏အခြေအနေကိုပါ ကြည့်နိုင်မည်ဖြစ်သည်။ ပလက်ဖောင်းအစုံကို တစ်နေရာတည်းက တင်နိုင်မည့် လုပ်ဆောင်ချက်အများစုကို Facebook Page ဖြင့်ချိတ်ဆက်ထားသည့် Instagram ပေါ်က Business Accounts Admin များ အသုံးပြုနိုင်ပြီဖြစ်သည်။ 

Facebook သည် ကုမ္ပဏီပိုင် စာပို့ App များဖြစ်သည့် WhatsApp ၊ Instagram နှင့် Messenger တို့၏ စာပို့စနစ်ကို Cross-app ဆက်သွယ်မှုပုံစံ ပေါင်းစည်းသွားရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။  Axios  သတင်းအရ  Facebook  သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စီးပွားရေးလုပ်ငန်းသုံးတစ်ခုတည်းသော စာပို့စနစ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည်။ ပြီးခဲ့သည့် ဩဂုတ်လထဲတွင် Instagram နှင့် Facebook Messenger chat တို့ကို ချိတ်ဆက်ပေါင်းစည်းခဲ့သည်။ 


(WP)






အခြားဆက်စပ်သတင်းများ