နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယရာသီကို အင်အားအပြည့်နဲ့ စစ်ခင်းတော့မယ့် မော်ရင်ဟို

စက်တင်ဘာ   ၁၈


စပါးနည်းပြမော်ရင်ဟိုရှိပြီးသားလူစာရင်းနဲ့ အသစ်ဝင်လာမယ့် ကစားသမားစာရင်းအရ အင်အား တောင့်တင်းလာချိန်မှာ ကစားကွက်အတွက် စဉ်းစားလာရပါပြီ။ ဂါရတ်ဘေးလ်နဲ့ ရီဂူလွန်အပြောင်းအရွှေ့က သဘောတူညီမှုတွေရခဲ့ပြီလို့  သတင်းဌာနတွေက ဖော်ပြချိန်မှာ မော်ရင်ဟိုရဲ့ အခန်းကဏ္ဍရောက်ရှိလာခဲ့ပါပြီ။  ဘေးလ်ကို ပေါင်သန်း ၂၀ နဲ့ အငှားခေါ်ယူပြီး ရီဂူလွန်ကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ဖို့ သဘော တူပြီဆိုတဲ့အချက်အလက်က စပါးရဲ့ရာသီသစ်မှာ အင်အားပြည့်စစ်ခင်းတော့မယ်လို့ ထင်ရပါတယ်။ ညာ နောက်ခံမှာလူသစ် ဒိုဟာတီ၊ ကွင်းလယ်မှာ ဟော့ချ်ဘတ်၊ ဘဝင်း၊ လိုဆယ်လိုနဲ့ အန်ဒွန်ဘလီ၊ နောက်တန်းမှာ ပြန်ကောင်းလာတဲ့ ဆန်းချက်တို့က ရှိပြီးသားအင်အားတွေပါ။ မော်ရင်ဟိုအတွက် လူအင်အားဟာလိုချင်တဲ့ စာရင်းအတိုင်းရထားရင် ဘေးလ်နဲ့ရီဂူလွန်တို့ရောက်ခဲ့ရင် ကစားကွက် ၄−၃−၃ ဒါမှမဟုတ် ၄−၁−၂−၃ ပါပဲ။ ကွင်းလယ်တိုက်စစ်ကစားသမား လုံးဝမလိုအပ်သလို ဒန်နီအလီနဲ့ ပြဿနာရှိထားတာကြောင့် မော်ရင်ဟိုဟာ ဒီကစားကွက်ကိုပဲ ပုံဖော်ဖို့ဖြစ်လာစေမှာပါ။ တောင်ပံနှစ်ဖက်မှာ ဘေးလ်နဲ့ဆွန်ယောင်မင်၊ တိုက်စစ်မှာ ဟယ်ရီကိန်း၊ ကွင်းလယ်မှာ ဟော့ချ်ဘတ်ကို အထိုင်ဖျက်ခိုင်းပြီး လိုဆယ်လိုနဲ့ အန်ဒွန်ဘလီ၊ နောက်တန်းမှာ အသစ်ခေါ်မယ့် ရီဂူလွန်၊ ဒိုဟာတီ၊ ဗဟိုခံစစ်မှာ အယ်ဒါဝီရယ်နဲ့ ဆန်းချက်တို့ကို ကစားစေမှာဖြစ်ပါတယ်။ တိုက်စစ်မှာ အခက်အခဲရှိရင် ဘဝင်း၊ မော်ရာ၊ အလီတို့ကလည်း အရန်သင့်ရှိနေမှာပါ။ ကွင်းလယ်အရန်အဖြစ် ဆစ်ဆိုနို၊ ဟယ်ရီဝင့်ခ်တို့ရှိနေတာကြောင့်စပါးဟာအင်အားပြည့်နေပြီး ဘင်ဖီကာကနေ အငှားခေါ်ထားတဲ့ ဂတ်ဆန်ဖာနန်ဒက်လည်း ရှိနေပါတယ်။ ဒါကြောင့် စပါးရဲ့လူအင်အားဟာ ချန်ပီယံလိဂ် ဝင်ခွင့်ထက်ပိုသာ တဲ့အနေအထားမှာ ရှိနေပါတယ်။ ဒုတိယရာသီဟာ မော်ရင်ဟိုတစ်ခုခု လုပ်ပြလေ့ရှိတဲ့ရာသီဖြစ်တာကြောင့် စောင့်ကြည့်ဖို့တော့လိုမှာပါ။                                                                                                           

(SO)






အခြားဆက်စပ်သတင်းများ