နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘွန်ဒက်လီဂါပွဲစဉ် ၁ မှာ လက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်တို့ ရှော်ကေးနဲ့တွေ့ဆုံ

စက်တင်ဘာ   ၁၈


ဘွန်ဒက်လီဂါမှာ လက်ရှိချန်ပီယံဘိုင်ယန်ဟာ အောင်ပွဲရနံ့လေး တသင်းသင်းရှိနေတုန်းပါဘဲ။ ဂျာမနီ မှာသာမက ဥရောပမှာပါ အကောင်းဆုံးအသင်းဆိုတာသက်သေပြခဲ့တဲ့ ဘိုင်ယန်ဟာ ဘွန်ဒက်လီဂါဖလားကို ၉  ရာသီဆက်ဆွတ်ခူးဖို့ ရာသီအစကတည်းက ကြိုးစားကြရမှာပါ။ နဂိုကတည်းက ကစားသမားပြီး ပြည့်စုံထားတဲ့အသင်းဟာ ဆာနေးပါရောက်လာတာမို့ ကျားကို တောင်ပံတပ်ပေးလိုက်သလိုပါပဲ။  နားရက်သိပ်မရခဲ့သလို ခြေစမ်းပွဲလည်းမကစားခဲ့ရပါဘူး။ ရာသီကြိုပြင်ဆင်မှုနည်းတာ ဘိုင်ယန်အတွက် ပြဿနာမဟုတ်ဘူးလို့ ထင်ပါတယ်။

ရှော်ကေးကတော့ မနှစ်က ဒုတိယရာသီဝက်မှာ အတော်လေးရလဒ်ဆိုးခဲ့ပြီး ပြိုင်ပွဲအသွင် ၁၈ ပွဲဆက် နိုင်ပွဲမရှိခဲ့ပါဘူး။ ၁၁ ပွဲရှုံးပြီး ၇ ပွဲသရေကျခဲ့ပါတယ်။ မနှစ်က အားနည်းခဲ့တဲ့ တိုက်စစ်ကို ယခုနှစ် ဘိုင်ဆီဗစ်နဲ့ အားဖြည့်ထားပါတယ်။ အစစအရာရာ ဘိုင်ယန်တို့သာတယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ၃ ဂိုးပြတ်မပြတ်ဆိုတာထက် ရှော်ကေးဂိုးရဖို့မလွယ်ပါဘူး။ ရှော်ကေးနဲ့တွေ့ဆုံခဲ့တဲ့ ဘိုင်ယန်နောက်ဆုံး ၂၁ ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။ အဆိုပါနိုင်ပွဲများတွင် ၃ ဂိုးနဲ့အထက် ပြတ်သည်မှာ ၉ ပွဲပါဝင်ခဲ့ပါတယ်။ လီဝင်ဒေါ စကီးဂိုးအသွင်းနိုင်ဆုံးစာရင်းတွင် ရှော်ကေးတို့ပါဝင်ပါတယ်။ ၁၉ ပွဲပါဝင်ခဲ့ပါတယ်။ ဘိုင်ယန်တို့ ရှော်ကေးကို ဂိုးပြတ်မပြတ်ဆိုတာတော့ စက်တင်ဘာ ၁၈ ရက်၊ သောကြာ ည ၁ နာရီအချိန် စောင့်ကြည့်ဖို့တော့ လိုပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ