နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီဂျွန်အသင်းဂိုးသမား ရူနာဆန်ကို အာဆင်နယ်အသင်း ခေါ်ယူ

စက်တင်ဘာ   ၁၈


အာဆင်နယ်အသင်းက  ဒီဂျွန်အသင်းဂိုးသမားရူနာဆန်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ပြီး ယင်းသည် အာဆင်နယ်အသင်းတွင် ဆေးစစ်မှုခံယူနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဒုတိယဦးစားပေးဂိုးသမား မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေးစတာလင်ပေါင် သန်း ၂၀ ဖြင့် အက်စတွန်ဗီလာအသင်းသို့ ရောင်းချခဲ့ပြီးနောက် ရူနာဆန်ကိုခေါ်ယူခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ရူနာဆန်သည် အိုက်စလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနေပြီး အသင်းတွင် ပြသထားနိုင်သည့် ယင်း၏လက်စွမ်းကြောင့် အာဆင်နယ်အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းအနေဖြင့် ရူနာဆန်ကို အဓိကဂိုးသမား လီနို၏နောက်တွင် ဒုတိယဦးစားပေး ဂိုးသမားအနေဖြင့် အသုံးပြုသွားမည်ဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းဂိုးသမား ဒေးဗစ်ရေယာကို ခေါ်ယူပြီးပါက ယင်းအသင်းတွင် တစ်ရာသီအငှားစာချုပ်ဖြင့် ဆက်လက်ကစားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                                                    

(သူရိန်)






အခြားဆက်စပ်သတင်းများ