နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်လီဂူး ၁ မှာ အိမ်ကွင်း အားသာတဲ့ လိုင်ယွန်နဲ့ အဝေးကွင်းညံ့တဲ့ နီမက်စ်တို့တွေ့ဆုံ

စက်တင်ဘာ   ၁၈


လိုင်ယွန်အသင်းဟာ ပွဲစဉ် ၃ ဘောဒိုးကွင်းမှာ ၀−၀ သာ ကစားနိုင်ခဲ့ပေမယ့် လိုင်ယွန်ဟာ ခြေအပြတ် အသတ်သာလွန် ကောင်းမွန်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်အကြိမ် ၂၀ တောင်ရခဲ့ပြီး အဆုံးသတ်မသေချာခဲ့လို့ ဂိုးမရခဲ့တာပါ။  လိုင်ယွန်ဟာ အိမ်ကွင်းအဖွင့် ပွဲစဉ်မှာတော့  ဒီဂျွန်ကို ဂိုးပြတ်နိုင်ခဲ့ပြီး  ဒီပေးဟက်ထရစ်ရခဲ့ပါ တယ်။ ဒီပေးဟာ နီမက်စ်နဲ့တွေ့တိုင်းလည်း ဂိုးမြူးတတ်ပါတယ်။ လာလီဂါလိဂ်အိမ်ကွင်းနောက်ဆုံး ၅ ပွဲမှာ လိုင်ယွန်ရှုံးပွဲမရှိဘဲ ၃ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။ ဒီပေးဟာ နိုမက်စ်နဲ့ ၃ ပွဲတွေ့ဆုံခဲ့ရာတွင်  ၃ ဂိုးသွင်း ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

နီမက်စ်ကတော့ ရာသီအဖွင့်ပွဲမှာ ဒီဂျွန်ကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် အဝေးကွင်းလုံးဝမစွံပါဘူး။ နန့်တက်ကွင်း မှာဆိုရင် ၂ ယောက်သာတာတောင် ၂−၁ နဲ့ ရှုံးခဲ့ပါတယ်။ နီမက်စ်ဟာ လိဂ်အဝေးကွင်းနောက်ဆုံး ၉ ပွဲမှာလည်း ၈ ပွဲရှုံးခဲ့ရပြီး တစ်ဂိုးထက်ပိုပေးရတာ ၇ ပွဲရှိပါတယ်။ ပြီးခဲ့တဲ့ရာသီကဆိုရင် အဆင့် ၂၀ နဲ့ တန်းဆင်းခဲ့ရတဲ့တူးလော့ပြီးရင် အဝေးကွင်းပေးဂိုးအများဆုံးအသင်းဖြစ်ပါတယ်။ လိုင်ယွန်ဟာ မာဆေး၊ မိုနာ ကိုတို့နဲ့ ကစားရမယ့်ပွဲကျပ်တွေမတိုင်ခင် ဒီလိုအိမ်ကွင်းပွဲမျိုးကို မဖြစ်မနေအနိုင်ကန်ရမှာပါ။ လိုင်ယွန်တို့ ဂိုးဘယ်လောက်သွင်းပြီးနိုင်မလဲဆိုတာကို စက်တင်ဘာ ၁၈ ရက်၊  သောကြာ ည ၁:၃၀ ချိန်မှာ စောင့်ကြည့်ရင် သိရမှာပါ။                                                                                                                                

(SO)






အခြားဆက်စပ်သတင်းများ