စက်တင်ဘာ ၁၈
ပြင်သစ်လီဂူး−၁ ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ PSG နဲ့ မာဆေးတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းအသင်းသားတွေ ရန်စတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် အနီကတ်၊ အဝါကတ်တွေ ပလူပျံခဲ့ရတဲ့ပွဲပဲဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ ပြစ်ဒဏ်အနေနဲ့ကတော့ အနီကတ် ၃ ကတ်ရှင် PSG အသင်းမှာပါဝင်ခဲ့ကြတဲ့ နေမာ၊ ကာဇာဝါနဲ့ ဘန်နီဒက်တို့ကို စုစုပေါင်း ၁၀ ပွဲထိ ပွဲပယ်ပြစ်ဒဏ်ချလိုက်ပါတယ်။ အယ်ဗာရိုဂွန်ဇာလတ် နောက်စေ့ကို ခေါက်ခဲ့တဲ့နေမာကိုတော့ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ရန်ပွဲကို အဓိကစခဲ့ပြီး ခြေကန်မှုတွေပြုလုပ် ခဲ့တဲ့ နောက်ခံလူ ကာဇာဝါကိုတော့ ၆ ပွဲပယ် ပြစ်ဒဏ်ချခဲ့ပါတယ်။ ဘန်နီဒက်ကိုတော့ နေမာနဲ့အတူ ၂ ပွဲပယ် ပြစ်ဒဏ်ပေးခဲ့ပါတယ်။ မာဆေးအသင်းရဲ့ အနီကတ်ရှင်တွေဖြစ်တဲ့ ဂျော်ဒန်အမာဗီ ၃ ပွဲနဲ့ ဘန်နီဒက်တို့ ၁ ပွဲ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်မှုမှာ PSG အသင်းဖက်က ပိုများပါတယ်။ နေမာကိုလည်း ပွဲချိန်အတွင်း ဂွန်ဇာလတ်ကို လူတွေရှုပ်ထွေးနေချိန် နောက်စေ့ကို လက်နဲ့ခေါက်တာဟာ လူမျိုးရေးခွဲခြားတာကြောင့်လို့ ဆိုထားတဲ့အတွက် သီးသန့်ပြန်စစ်ဆေးသွားဦးမှာပါ။ လက်ရှိမှာတော့ VAR နဲ့ ရုပ်သံအနှေးပြကွက်တွေကနေ လိုက်စုံစမ်းနေဆဲဖြစ်တဲ့အတွက် ဂွန်ဇာလတ်ဟာ တကယ်ပဲ ပြောခဲ့လား မသိရသေးပါဘူး။ ပြောခဲ့ရင်တော့ ဂွန်ဇာလတ်အတွက် သီးသန့်ပြစ်ဒဏ်တွေချမှတ်မှာပါ။ နေမာလိမ်ဆင်လုပ်ခဲ့တယ်ဆိုရင်တော့ နေမာကို ပြစ်ဒဏ်ထပ်တိုးချမှတ်မှာပါ။ မာဆေးလ်အသင်းကတော့ သူ့ကစားသမားကို အာမခံထားတဲ့အတွက် အဖွဲ့ချုပ် LFP အနေနဲ့ အဖြေသေချာ ရှာဖို့လိုနေပါတယ်။ နောက်ဆုံးပြစ်ဒဏ်ကျခံရမယ့်သူက ဒီမာရီယာပဲဖြစ်ပါတယ်။ ဒီမာရီယာဟာ ရန်ပွဲထဲမပါသလို အနီကတ် ထဲလဲမပါပါဘူး။ ဒါပေမယဲ့ VAR နဲ့ နေမာ့ကိစ္စကို ရှာဖွေကြည့်ရှုရာမှာ ဂွန်ဇာလတ်ကို ဒီမာရီယာက တံတွေးနဲ့ ထွေးခဲ့တာကို တွေ့မြင်ခဲ့ရတာကြောင့် စက်တင်ဘာ ၂၃ ရက်နေ့မှာ သီးသန့်ပြစ်ဒစ်အဖြစ် ဒီမာရီယာကို ချပေးဦးမှာဖြစ်ပါတယ်။ ဒါကြောင့် PSG တို့ နောက် ထပ်ပွဲပယ်စာရင်းထပ်တိုးဖွယ်ရှိပါတော့တယ်။
(SO)