နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၁၈


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်၊ ည ၁၀ နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၉)ရပ်ကွက်၊ သံသုမာ(၂)လမ်းမပေါ်၌ ချစ်ကိုထံမှ အရိုးအသွား(၂၅)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊

ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် နင်ကြမ်းကျေးရွာ အတွင်းလမ်းမပေါ်၌ ရဲထွဋ်ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီခွဲအချိန်တွင် ဘုရားကုန်းကျေးရွာ၊ (၁၅)ပေကွက်သစ်၊ ကိုရီးယားလမ်းမပေါ်၌ စိန်ရွှေထံမှအရိုးအသွား(၁၃)လက်မခန့်ရှိထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၈ ရက်၊ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်တွင် (င)ရပ်ကွက်၊ ခေမာသီလမ်းနှင့် အမရာလမ်းထောင့်၌ ထက်ကိုကို ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ