နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန် စက်တင်ဘာ ၁၈


စက်တင်ဘာ ၁၆ ရက်၊ နေ့လယ် ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ BOC အဝိုင်း၊ လှိုင်သာယာ-ကော့မှူး ကားဂိတ် အနီးတွင် အောင်ကျော်(ခ)ပါကျဲ အားတွေ့ရှိရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ပုဆိုးခါးကြားမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ရမည်းသင်းလမ်း၊ အမှတ်-၁၂၇၀ ရှိ ၎င်း၏နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၄,၈၀၀ ပြား၊ ဆေးခြောက် ၀ ဒသမ ၀၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် အောင်ကျော်(ခ)ပါကျဲ(၄၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ