နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင်မြို့နယ်တွင် ဆာလဖျူရစ်အက်စစ်များ ဖမ်းဆီးရမိ

ပြင်ဦးလွင် စက်တင်ဘာ ၁၈


 စက်တင်ဘာ ၁၆ ရက်၊ ညနေ ၃ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် ၅၄ နှင့်၅၄/၁ ကြား၊ ဝက်ဝံကျေးရွာအုပ်စု၊ ဝက်ဝံကျေးရွာအနီးတွင် ဇော်မင်းဦး မောင်းနှင်ပြီး ရဲနိုင် လိုက်ပါလာသော တွဲယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ ကော်ပုံးများဖြင့်ထည့်ထားသည့် ဆာလာဖျူရစ်အက်စစ် ၁၁,၉၈၈ လီတာ သိမ်းဆည်းရမိခဲ့သဖြင့် ဇော်မင်းဦး(၃၅)နှစ်၊ ရဲနိုင်(၁၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

စက်တင်ဘာ ၁၆ ရက်၊ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာအနီး၊ တာချီလိတ်- မိုင်းဆတ်သွားကားလမ်းတွင် အားဆာ(ခ)အားဘေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ဆာလာအိတ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် အားဆာ(ခ)အားဘေ(၄၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ