နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်ခေါ်ယူခွင့်ဆိုတဲ့ အချက်ကြောင့် မန်ယူတို့ ရက်ဂွဲလင်းကို လက်လွှတ်ရပြန်

စက်တင်ဘာ  ၁၇


ရီးရဲလ်အသင်းရဲ့ ဘယ်နောက်ခံကစားသမားလေး ရက်ဂွဲလင်းကို ခေါ်ယူဖို့ မနေ့ကအချိန်အထိ မန်ယူတို့ အဆင်ပြေဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိပါတယ်။ ဒီခေါ်ယူရေးကိစ္စရပ်ထဲကို စပါးအသင်းကလည်း ဝင်ရောက် ယှဉ်ပြိုင်လာပါတယ်။ ဒါကြောင့် အခြေအနေတွေ တစ်မျိုးပြောင်းသွားခဲ့ရပါတယ်။ ရီးရဲလ်ကိုယ်တိုင်က မန်ယူထံကို ရက်ဂွဲလင်းကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ မန်ယူတို့ကလည်း ဘယ်နောက်ခံလူရှာနေတဲ့အချိန် ဆိုတော့ ရက်ဂွဲလင်းကိုခေါ်ယူဖို့ စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ တော်တော် နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်တို့က ရက်ဂွဲလင်းအတွက် မန်ယူနဲ့ချုပ်ဆိုမယ့်စာချုပ်မှာ ပြန်လည်ခေါ်ယူခွင့် ရှိသည်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုလိုနေတာကြောင့် မန်ယူနဲ့ ရီးရဲလ်တို့ကြား ညှိနှိုင်းမှုတွေ ကြန့်ကြာ ခဲ့ရပါတယ်။ ရီးရဲလ်ဘက်က ခုလို ကစားသမားပြန်လည်ခေါ်ယူခွင့်ဆိုတဲ့အချက် ထည့်သွင်းလိုနေတဲ့အပေါ်မှာ မန်ယူတာဝန်ရှိသူတွေက အသင်းရဲ့ကစားသမားတစ်ဦးကို အနာဂတ်မှာ ပြန်လည်ခေါ်ယူခွင့်ဆိုတဲ့အချက် နဲ့  ပြန်လည်ရောင်းချလိုက်ရတာမျိုးကို မလိုလားဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မန်ယူတို့ရဲ့ ကစားသမား အပြောင်းအရွှေ့ထဲကိုပါဝင်လာတဲ့ စပါးအသင်းကတော့ ရီးရဲလ်ဘက်ကတောင်းဆိုထားတဲ့ ပြန်လည်ခေါ်ယူခွင့် ရှိသည်ဆိုတဲ့အချက်ကို သဘောတူညီဖို့ လိုလိုလားလားရှိနေတာကြောင့် မန်ယူထက် အပြောင်းအရွှေ့ကိစ္စမှာ ပိုအခွင့်အရေးသာနေကာ ရက်ဂွဲလင်တစ်ယောက် စပါးကိုရောက်ရှိသွားဖို့များနေပါပြီ။                  

(SO)






အခြားဆက်စပ်သတင်းများ