နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းကြီးနှစ်သင်းနဲ့ ပွဲစဉ်တွေကြားက ကာရာဘောင်းဖလားကစားရမယ့် လီဗာပူး

စက်တင်ဘာ  ၁၇


စက်တင်ဘာ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား တတိယအဆင့်မှာ လီဗာပူးဟာ Lim Colm အသင်းနဲ့ ယှဉ်ပြိင်ရမယ်လို့ အတည်ပြုခဲ့ပါပြီ။ ဒီပွဲဟာ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ပွဲစဉ်(၂) ချဲလ်ဆီးနဲ့ ပွဲစဉ်(၃) အာဆင်နယ်တို့နဲ့ပွဲတွေကြားမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မန်နေဂျာ ကလော့က အရန် ကစားသမားတွေကို ပွဲထုတ်ဖွယ်ရှိပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ ပွဲစဉ်(၁)ကလူစာရင်းအတိုင်း ထုတ်သုံးဦးမှာဖြစ်ကာ မာတစ်၊ မီနာမီနို၊ မီလ်နာ၊ အတ်ဒရီယန်တို့ အရန်စာရင်းမှာရှိနေဦးမှာပါ။ အဝေးကွင်းကိုသွားရောက်ယှဉ်ပြိုင် ရမယ့် ချဲလ်ဆီးနဲ့ပွဲကို ချိန်ဘာလိန်ကလွဲပြီး စီနီယာကစားသမားများ အဆင်သင့်ရှိနေပါတယ်။ ဒီလိုပွဲကြပ်ကာလ မှာ ကစားသမားတွေပွဲပန်းမှုကိုဖြေရှင်းပေးဖို့ကတော့ အရန်ကစားသမားတွေနဲ့ လူငယ်တွေကို ကာရာဘောင်း ဖလားပွဲမှာ စမ်းသပ်သုံးစွဲပြီး အဓိက ကစားသမားတွေကို အနားပေးမှာဖြစ်ပါတယ်။ အခုချိန်ထိ ပြောင်းရွှေ့ဖို့ အသင်းသစ်တွေမတွေ့ရှိသေးတဲ့ ဂရုဂျစ်၊ ဝီလီယမ်၊ ဂျုံးနဲ့ အီလီယော့တို့လည်း ကာရာဘောင်းပွဲမှာ ကစားခွင့်  ရဖွယ်ရှိပါတယ်။ တနင်္ဂနွေနေ့က ဟက်ဒါဖီးနဲ့ ခြေစွမ်းပွဲမှာ ပွဲထွက်ရခြင်းမရှိသေးတဲ့ အသင်းသားတွေ ပါဝင် ကစားခဲ့ကြရပါတယ်။ မီနာမီနို ဂိုးသွင်းနိုင်ပြီး ဒဏ်ရာကပြန်သက်သာလာတဲ့ ရှာကီရာလည်း ပါဝင်ကစား ခဲ့ပါတယ်။ ကာရာဘောင်းပွဲမှာ Lim Colm ကို အနိုင်ယူပြီး စတုတ္ထအဆင့် တက်ရောက်နိုင်ခဲ့ရင် နောက် နိုင်ငံတကာသတင်းပတ်မရောက်သေးခင် စက်တင်ဘာလအတွင်း လီဗာပူး ပွဲပေါင်း ၅ ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။  

 (SO)






အခြားဆက်စပ်သတင်းများ