စက်တင်ဘာ ၁၇
အင်္ဂလန်ဂေါက်သီးရိုက်ကစားသမား ဆမ်ဟော့စ်ဖီးသည် ယူအက်စ်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆေးစစ်မှုခံယူခဲ့ရာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့သည့်အတွက် ပြိုင်ပွဲမှနုတ်ထွက်ခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဆမ်ဟော့စ်ဖီးသည် Self-isolation အစီအစဉ်ဖြင့် နေထိုင်သွားရမည်ဖြစ်ပြီး COVID- 19 ရောဂါပျောက်ကင်းရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူရမည်ဖြစ်သည်။
ထို့အပြင် အမေရိကန်ဂေါက်သီးရိုက်ကစားသမားတစ်ဦးဖြစ်သည့် စကော့တီလည်း COVID-19 ရောဂါ ကူးစက်ခံထားရပြီးနောက် ယူအက်စ်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
PGA Tour ပြိုင်ပွဲများကို ရက်သတ္တပတ် ခြောက်ပတ်ဆက်တိုက် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစပိုင်းတွင် COVID-19 ရောဂါ ကူးစက်ခံထားရသည့် ပြိုင်ပွဲဝင်ကစားသမားများမရှိခဲ့သော်လည်း ရက်သတ္တခုနစ်ပတ်မြောက်တွင် ရောဂါ ကူးစက်ခံထားရသူနှစ်ဦး ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
(သူရိန်)