နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၂၀ မှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးပေါင်းသွင်းဂိုးထက် ပိုသွင်းထားတဲ့ ဟာလန်း

စက်တင်ဘာ  ၁၇


ဒေါ့မွန်အသင်းကို ဆောင်းရာသီမှာရောက်ရှိလာပြီး အလျင်အမြန် အသင်းနဲ့အထိုင်ကျခဲ့တဲ့ လူငယ် ကစားသမား ဟာလန်းဟာ ၂၀၁၉−၂၀၂၀  ဘောလုံးရာသီအတွင်း ဆဲလ်ဘက်ဇ်နဲ့ ဒေါ့မွန်တို့အတွက် ၄၄ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ အသက် ၂၀ အရွယ် နော်ဝေးလ်နဲ့ ဒေါ့မွန်တိုက်စစ်မှူး အီလန်ဟာလန်းဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ အသက် ၂၀ အရွယ်ကစံချိန်ထက် ပိုမိုကောင်းမွန်တဲ့ ဂိုးသွင်းစံချိန်တစ်ခု ရရှိခဲ့ပါတယ်။ ဟာလန်းဟာ အသက် ၂၀ ပြည့်တဲ့အချိန်မှာ ပွဲပေါင်း ၁၀၇ ပွဲ ကစားထားပြီး ၆၂ ဂိုး သွင်းထားကာ ၁၇ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာကြောင့် မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအသက် ၂၀ မပြည့်ခင်အတွင်း စပို့တင်းလစ္စဘွန်းနဲ့ မန်ယူနိုက်တက် အသင်းတွေအတွက် ၁၂၃ ပွဲကစားရာမှာ ၂၀ ဂိုးသွင်းယူကာ ၂၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ လီယွန်နယ်မက်ဆီ ကတော့ ၉၂ ပွဲကစားကာ ၃၂ ဂိုးသွင်းယူခဲ့ပြီး ၈ ဂိုးဖန်တီးပေးခဲ့တာကြောင့် ဟာလန်းရဲ့ အသက် ၂၀ မှတ်တမ်းက ရော်နယ်ဒိုနဲ့ မက်ဆီ နှစ်ဦးပေါင်းရဲ့မှတ်တမ်းထက် ပိုကောင်းနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒိုကြီး (ဘရာဇီးရော်နယ်ဒို)ရဲ့ စံချိန်ကိုတော့ လိုက်မမီသေးပါဘူး။ ဒိုကြီးက ၁၀၄ ပွဲမှာ ၉၈ ဂိုးသွင်းယူကာ ၁၀ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းရောက်ပြီး ပွဲထွက်ကစားခွင့်ရချိန်မှာပဲ ဟာလန်းဟာ ၁၅ ပွဲမှာ ၁၃ ဂိုးသွင်းယူသလို ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာလည်း ၈ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူထားနိုင်ပါတယ်။ ၂၀၁၉−၂၀၂၀ ရာသီတစ်ခုလုံးမှာပွဲ ၄၀ ကစားပြီး ၄၄ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်းက ရော်နယ်ဒိုထက် ၃၇ ဂိုး၊ မက်ဆီထက် ၃၁ ဂိုး ပိုသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒို၊ မက်ဆီတို့ ခေတ်လွန်မှာ အမ်ဘာပေနဲ့ ဟာလန်းတို့ရဲ့ အားပြိုင်မှုတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။  


 (SO)






အခြားဆက်စပ်သတင်းများ