နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူဂန်ဒါနိုင်ငံ အကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ကျော် ထွက်ပြေးလွတ်မြောက်

စက်တင်ဘာ ၁၇၊ ကမ်ပါလာ


ယူဂန်ဒါနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းကြောင့် လုံခြုံရေးအရာရှိများက လိုက်လံရှာဖွေလျက်ရှိရာ တစ်မြို့လုံးမှ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်နားထားရသည်။ အကျဉ်းသားများက မိုရိုတိုမြို့အကျဉ်းထောင်မှ ထောင်ဖောက်ထွက်ပြေးလာခဲ့ပြီးနောက် စစ်သည်တစ်ဦးကို သတ်ကာ တောင်တန်းများဆီ ဦးတည်သွားခဲ့သည်ဟု သတင်းများက ဖော်ပြသည်။


ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများက သေနတ် ၁၅ လက်နှင့် ကျည်ဆန်များ ခိုးယူသွားခဲ့သည်ဟု သတင်းထွက်နေပြီး စစ်တပ်နှင့် အကျဉ်းထောင်အရာရှိများက အကျဉ်းသားများကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။


ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အကျဉ်းသားနှစ်ဦးကို အသေဖမ်းမိခဲ့ကြောင်း စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဆိုပါအကျဉ်းထောင်မှာ မိုရိုတိုမြို့အစွန်ရှိ မိုရိုတိုတောင်ခြေတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ အကျဉ်းသားများက ယင်းတို့ကို မတွေ့စေရန်အတွက် အဝါရောင်တောက်ပသည့် ထောင်ဝတ်စုံများကို ချွတ်ပြီး တောင်ပေါ်သို့ ဝတ်လစ်စလစ် ထွက်ပြေးသွားခဲ့သည်ဟု AP သတင်းဌာနက ဖော်ပြသည်။


ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ မိုရိုတိုမြို့ရှိ စီးပွားရေးလုပ်ငန်းများကို ရပ်နားထားရသည်ဟု ဒေသခံမီဒီယာများက ဖော်ပြသည်။ မိုရိုတိုမြို့မှာ ကျွဲနွားခိုးယူမှုများ၊ ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိသည့် ကာရာမိုဂျာဒေသရှိ အကြီးဆုံးမြို့ဖြစ်သည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ