နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဓမ္မကျင့်သူများကို ဓာတုနည်းဖြင့် သင်းကွပ်စေလိုသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် တိုက်တွန်း

စက်တင်ဘာ ၁၇၊ အစ္စလာမ်မာဘတ်


ပါကစ္စတန်နိုင်ငံတွင် နာကြည်းခံပြင်းမှုဖြစ်စေခဲ့သည့် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက် အဓမ္မပြုကျင့်သူများနှင့် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ဓာတုနည်းဖြင့် သင်းကွပ်စေလိုသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းက တိုက်တွန်းခဲ့သည်။ 92 News ရုပ်သံလိုင်းနှင့် အင်တာဗျူးအစီအစဉ်တွင် အိုင်မရန်ခန်းက အဓမ္မမှုကျူးလွန်သူများကို အပြစ်ပေးနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ယင်း၏အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။


''အဓမ္မပြုကျင့်သူကို လူမြင်ကွင်းမှာ ကြိုးပေးသင့်တယ်လို့ ကျွန်တော် ထင်တယ်။ အဓမ္မကျင့်သူတွေ၊ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို လူမြင်ကွင်းမှာ ကြိုးပေးသင့်တယ်။ တိုင်ချက်ဖွင့်တာ နည်းနေတဲ့အတွက် တကယ့်အချက်အလက်မှန်ကို မသိနိုင်ဘူး။ လူတွေကို ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ရှက်လို့ပဲဖြစ်ဖြစ်  တိုင်ချက်မဖွင့်ကြဘူး။ အမျိုးသမီးတွေကလည်း ရှက်ကြတယ်။ အဲဒီလိုကိစ္စမျိုးကို ဘယ်သူကမှ ထုတ်မပြောချင်ကြဘူး''ဟု အိုင်မရန်ခန်းက ပြောသည်။

သို့သော် လူမြင်ကွင်းတွင် ကြိုးပေးမှုကို နိုင်ငံတကာက လက်ခံမည်မဟုတ်ကြောင်း၊ ပါကစ္စတန်နိုင်ငံနှင့် ဥရောပသမဂ္ဂကြား ကုန်သွယ်ရေးဆက်သွယ်မှုကို ထိခိုက်စေနိုင်ကြောင်း ယင်းက ဆိုသည်။ ထို့ကြောင့် အဓမ္မကျင့်သူများနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအနေဖြင့် အနာဂတ်တွင် အလားတူလုပ်ရပ်များ မကျူးလွန်နိုင်စေရန် ဓာတုနည်းဖြင့် သင်းကွပ်ခြင်း၊ ခွဲစိတ်မှုလုပ်ပြီး သင်းကွပ်ခြင်းလုပ်ရန် စဉ်းစားနေသည်ဟု ယင်းက ဆိုသည်။


ပြီးခဲ့သည့်ကြာသပတေးနေ့တွင် လာဟိုရီမြို့မှ အမျိုးသမီးတစ်ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ ကြောင်း တိုင်ကြားခဲ့သည်။ ကားဆီကုန်ပြီး ကားရပ်သွားချိန်တွင် ယင်းအနေဖြင့် အကူအညီပေးရေး ဖုန်းနံပါတ်ကို ဖုန်းဆက်ပြီး ရဲအရာရှိများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးက ယင်းကို အဓမ္မပြုကျင့်ပြီး လုယက်ခဲ့ခြင်းဟု ဆိုသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အမျိုးသားသုံးဦးကို ဖမ်းဆီးထားသည်။ အဆိုပါအဖွဲ့ကို အဓိကကြိုးကိုင်ခဲ့သည်ဟု သတ်မှတ်ထားသူမှာ လွတ်မြောက်နေဆဲဖြစ်သည်။ ယင်းဖြစ်ရပ်ကို လာဟိုရီရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ