နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
TikTok ၏ follower အများဆုံး content creator က ပြိုင်ဘက် Triller app ကို အသုံးပြု

စက်တင်ဘာ   ၁၇


TikTok တွင် followers ၈၇ သန်းရှိသည့် နာမည်ကျော်ပုဂ္ဂိုလ်က TikTok ၏ ပြိုင်ဘက်ဖြစ်သည့် Triller app ကို အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ TikTok ပေါ် ပိတ်ပင်မှုပြုလုပ်လာပြီးနောက် ချာလီနှင့် ဒီဇီဒီအမ်မယ်လီယို အပါအဝင် နာမည်ကြီး TikTok content creators အချို့သည် Triller app ကို အသုံးပြုလာကြခြင်းဖြစ်ကြောင်းကို Los Angeles Times သတင်းတွင် ဖော်ပြထားသည်။ ဒီအမ်မယ်လီမိသားစု Triller app သုံးလာကြောင်းကို Triller app ဘက်မှ ထုတ်ပြန်ထားသည်။

ချာလီ၊ ဒီအမ်မယ်လီယို မိသားစုသည် TikTok တွင် follower အများဆုံးရထားသူများဖြစ်ပြီး ချာလီတွင် follower ၈၇ သန်းရှိပြီး ယင်း၏ညီမ ဒီဇီသည် TikTok follower ၃၄ သန်း၊ ဖခင်ဖြစ်သူ မာ့စ်တွင် follower ၇ သန်းနှင့် မိခင်ဖြစ်သူ ဟိုင်ဒီတွင် follower ၅ ဒသမ ၆ သန်းစီရှိကြသည်။ ချာလီအနေဖြင့် Triller နှင့် သီးသန့်သဘောတူညီမှု မလုပ်ထားသည့်အတွက်ကြောင့် အခြား Social Networks များဖြစ်သည့် TikTok ၊ YouTube နှင့် Instagram တို့ကဲ့သို့ app များတွင် Contents များ ဖန်တီးနိုင်သည်။ 

ယင်း Triller app ကို ၂၀၁၅ ခုနှစ်ကစတင်ပြီး ဖြန့်ချိခဲ့သည်။ သမ္မတထရမ့်မှ TikTok ကို ကန့်သတ်မှုများ စတင်ပြုလုပ်လာပြီးနောက်ပိုင်းတွင် Triller app ကို သုံးစွဲသူ ပိုမြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် Triller app ကို လစဉ်သုံးစွဲသူ သန်း ၁၀၀ ကျော်နှင့် နေ့စဉ်သုံးစွဲသူ ၂၇ သန်းကျော်ရှိနေကြောင်း ကုမ္ပဏီက ကြေညာထားသည်။

နိုင်ငံအချို့တွင် TikTok ကို ကန့်သတ်မှုလုပ်လာခြင်းကြောင့် TikTok Content Creators များလည်း အခြားဝန်ဆောင်မှု ပလက်ဖောင်းပေါ်ပြောင်းရန်စဉ်းစားနေကြသည်။                                               

(WP)






အခြားဆက်စပ်သတင်းများ