နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Snapdragon 765G ပါဝင်သည့် LG Wing 5G စမတ်ဖုန်းကို ကြေညာ

စက်တင်ဘာ   ၁၇


LG က စမတ်ဖုန်းသစ် LG Wing 5G ကို ကြေညာလာပြီဖြစ်သည်။ LG Wing ကို Qualcomm ၊ Search Engine ဖြစ်သည့် Naver၊ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း Tubi၊ Fico တို့နှင့် ပူးပေါင်းကာ လုပ်ဆောင်ထားခြင်းလည်းဖြစ်သည်။

LG Wing မှာ အဓိကရုပ်ထွက် ၆ ဒသမ ၈ လက်မ P-OLED FHD+ ရုပ်ထွက်နှင့် 20:5:9 Aspect Ratio သုံးထားပြီး ရှေ့ကင်မရာကို Pop-Up Design မှာ ထည့်သွင်းထားကာ 32MP ဖြစ်သည်။

ဒုတိယမျက်နှာပြင်က ၃ ဒသမ ၉ လက်မ G-OLED FHD+ ရုပ်ထွက်ဖြစ်ပြီး 1:15:1 Aspect Ratio သုံးထား သည်။ IP Rating ရယူထားခြင်းမရှိသော်လည်း ဒုတိယရုပ်ထွက်က ရေပက်ဖျန်းမှုဒဏ်ခံနိုင်သည်။

အဆိုပါဖုန်းမှာ ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး 64MP + 12MP Ultrawide (ဆုံလည်ရုပ်ထွက်) + 13MP Ultrawide ကင်မရာတို့ ပါဝင်သည်။ ထို့အပြင် ဒုတိယရုပ်ထွက်အတွက် Gimbal Mode လည်း ပါဝင်သည်။

LG Wing ကို သုံးသူများအနေဖြင့် အဆိုပါဖုန်းကို ပုံမှန်စမတ်ဖုန်းတစ်လုံးကဲ့သို့ သုံးနိုင်မည့်အပြင် ဒုတိယ ရုပ်ထွက်ကို ထိန်းချုပ်ခလုတ်အဖြစ်လည်းကောင်း၊ Navigator အဖြစ်လည်းကောင်း သုံးနိုင်မည်ဖြစ်သည်။ 

ဘက်ထရီ 4000 mAh ပါဝင်ပြီး ကြိုးမဲ့အားသွင်းမှု ထောက်ပံ့ထားသည်။ Snapdragon 765G ၊ RAM8GB နှင့် အထိုင်ချထားပြီး 128/256GB ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ကာ ဈေးနှုန်းနှင့် ရောင်းချမည့်ရက်ကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ