နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၁၇


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ စက်တင်ဘာ ၁၆  ရက်၊ နံနက် ၉ နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည်  (၁၆)ရပ်ကွက်၊ မြသီရိလမ်းမပေါ်၌ ရဲဝင်းအောင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ဦးပုညလမ်းမပေါ်၌ စိုးဝင်းထွန်းထံမှ အရိုးအသွား (၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ် ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် ရွှေလင်ပန်း ကျေးရွာ၊ ကျန်စစ်သားချဉ်းကပ်လမ်းမပေါ်၌ ဟိန်းစိုးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းကိုလည်းကောင်းသိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။



ဆွေဦး






အခြားဆက်စပ်သတင်းများ