နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရပ်စောက်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရပ်စောက် စက်တင်ဘာ ၁၇


 စက်တင်ဘာ ၁၅ ရက်၊ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာအနီး၊ ကျောက်ဆုံ- နောင်ဝိုးသွားကားလမ်းတွင် စိုင်းညာလိန္ဒ မောင်းနှင်ပြီး မမိုးသဇင်လိုက်ပါလာသော TOYOTA MARK-II အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းညာလိန္ဒ(၃၀)နှစ်၊ မမိုးသဇင်(၃၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်၊ ညနေ ၆ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သပိတ်ကျင်းမြို့နယ်၊ တကောင်း-သပိတ်ကျင်းသွားကားလမ်းရှိ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အနီးတွင် ပြည့်ဖြိုးထွန်း(ခ)ကိုဖြိုး မောင်းနှင်ပြီး လင်းလင်းဦး(ခ)ကိုဦးလိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် လင်းလင်းဦး (ခ)ကိုဦး(၂၈)နှစ်၊ ပြည့်ဖြိုးထွန်း(ခ)ကိုဖြိုး(၂၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ