နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနိုင်းမြို့နှင့် ကျေးသီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တနိုင်း စက်တင်ဘာ ၁၇


စက်တင်ဘာ ၁၅ ရက်၊ ညနေ ၃ နာရီခွဲအချိန် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်၊ တနိုင်း-မိုင်းခွန်သွားကားလမ်းမတွင် မသင်းရွှေမောင်းနှင်လာသော မော်တော် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၄၉၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၁၀၀ ပြားတို့ကိုဖမ်းဆီးရမိခဲ့ပါသ်ည။

ဆက်လက်၍ ၎င်းနေထိုင်သည့် တနိုင်းမြို့၊ ဟူးကောင်းရပ်ကွက်ရှိ နေအိမ်သို့သွားရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၁၉၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၁၈၀ ပြားတို့ကိုထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် မသင်းရွှေ(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

  စက်တင်ဘာ ၁၅ ရက်၊ နံနက်  ၁၀ နာရီ ၄၅ မိနစ်အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ တူယားကျေးရွာအုပ်စု၊ ဟုန်းဟန်ကျေးရွာအနီး၊ မိုင်းနောင်-မိုင်းစံသွားကားလမ်းတွင် စိုင်းလူ(ခ)စိုင်းဝါလိင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ထားသောပလတ်စတစ်ပုံး ၂ ပုံး အတွင်းမှ ဘိန်းစိမ်း ၃၃ ဒသမ ၃၅ ကီလို သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့်အတူ စိုင်းလူ(ခ)စိုင်းဝါလိင်(၂၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ