နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်များအား မေလဆန်းတွင် ပြန်လည်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်

ရန်ကုန် ဧပြီ ၂၄ မြန်မာအမျိုးသားလေကြောင်း(MNA)၏ ပြည်တွင်းခရီးစဉ်များအား မေလဆန်းတွင် ပြန်လည်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၏ ဧပြီ ၂၂ ရက် ထုတ်ပြန်သတင်းများ အရ သိရသည်။ လက်ရှိတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်ထုတ်ပြန်ချက်အရ ပြည်တွင်းခရီးသွားပြည်သူများ COVID-19 ရောဂါကူးစက်မှုကင်းဝေးစေရေးအတွက် လေယာဉ်ခရီးစဉ်များ ခေတ္တရပ်နားထားလျက်ရှိသည်။ ထို့ကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်များကို လာမည့် မေ ၁ ရက်တွင် ပြန်လည်ပျံသန်းပြေးဆွဲဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထိုသို့ စတင်ပျံသန်း ပြေးဆွဲဆောင်ရွက်ပေးသည့်နေ့တွင် ပြည်တွင်းခရီးစဉ်များမှ နေပြည်တော်၊ မန္တလေး၊ ကျိုင်းတုံ၊ လားရှိုး၊ ဟဲဟိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ ကလေး၊ မကွေး စသည့်ခရီးစဉ်များအား ပျံသန်းပြေးဆွဲပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဆောင်ရွက်မှု များမှာ လျာထားစီစဉ်ဆောင်ရွက်သည့် ဆောင်ရွက်မှုတစ်ခုသာဖြစ်ပြီး အကယ်၍ COVID-19 နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဒေသအာဏာပိုင်များက လိုအပ်မှုအရ ထပ်မံအမိန့်များထုတ်ပြန်ဆောင်ရွက်လာပါက အဆိုပါ ခရီးစဉ်များမှာလည်း အပြောင်းအလဲရှိမည် ဖြစ်သည်။ လက်ရှိတွင်မူ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်အချို့ကို မေ ၁ ရက်တွင် ပြန်လည်ပျံသန်းပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ရောဂါကူးစက်ပြန့်ပွားမှုအားထိန်းချုပ်ရန်အတွက် အသွားအလာကန့်သတ်ထားသောကာလအတွင်း မြန်မာ အမျိုးသားလေကြောင်း၏ ပြည်တွင်း၊ပြည်ပ လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်အထိ ခေတ္တရပ်ဆိုင်းထားခဲ့သည်။ ထို့ကြောင့် အဆိုပါကာလအတွင်း ဝယ်ယူထားသော လေယာဉ် လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ လေယာဉ်လက်မှတ် များအား Agent မှတစ်ဆင့် ဝယ်ယူထားသော ခရီးသည်များအနေဖြင့် အဆိုပါ Agent မှတစ်ဆင့် Refund ပြန်လည်ထုတ်ယူနိုင်ရန်နှင့် website မှ တစ်ဆင့် ဝယ်ယူထားသည့် လေယာဉ်လက်မှတ်များအတွက်ကိုလည်း contactus@flymna.com သို့ email ပေးပို့၍ Refund ပြန်လည်ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ (ကိုသာစစ်)






အခြားဆက်စပ်သတင်းများ