စက်တင်ဘာ ၁၆၊ ဂျီနီဗာ
၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံက တရုတ်ပို့ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှု ချမှတ်ခဲ့ခြင်းမှာ နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း(WTO)က ဆုံးဖြတ်ခဲ့သည်။ တရုတ်နိုင်ငံက မမျှတသည့် နည်းပညာခိုးယူမှုလုပ်ခဲ့ပြီး နယ်စပ်အခွန်အခများနှင့် ကာမိစေရန် အစိုးရက ထောက်ပံ့ပေးနေသည်ဆိုသည့် အမေရိကန်နိုင်ငံ၏ ပြောကြားချက်မှာ သက်သေအထောက်အထားမရှိကြောင်း WTO က ပြောသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း(WTO)၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံ အရာရှိများက ကြိုဆိုခဲ့ကြသည်။ WTO မှာ တရုတ်နိုင်ငံကို ရင်ဆိုင်တွန်းလှန်ရမည့် တာဝန်အပေါ် မျက်နှာလွဲခဲပစ်လုပ်ခဲ့ကြောင်း ဖော်ပြနေသည်ဟု အမေရိကန်နိုင်ငံက ပြောသည်။ မမျှတသည့် ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်ပြုရမည်ဟု အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေး ဆိုင်ရာ စေ့စပ်ညှိနှိုင်းသူ သံအမတ် လစ်သီဇာက ပြောသည်။
'' တရုတ်နိုင်ငံရဲ့ ထိခိုက်စေနိုင်တဲ့ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ရပ်တန့်ဖို့ WTO က မျက်နှာလွှဲ ခဲပစ်လုပ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ ဉာဏမူပိုင်ခွင့် ခိုးယူမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ တင်သွင်းထားတဲ့ အထောက်အထားတွေကို WTO ရဲ့ကျွမ်းကျင်ပညာရှင်အဖွဲ့က စောဒကမတက်ခဲ့ပါဘူး။ ဒါပေမဲ့ အခုဆုံးဖြတ်ချက်အရ အခုလို မတော်တရော်လုပ်တာတွေအတွက် WTO မှာ ဖြေရှင်းနည်းမရှိဘူးဆိုတာ ဖော်ပြနေပါတယ်''ဟု လစ်သီဇာက ပြောသည်။
Ref:BBC(KNT)