နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အအေးခန်းလော်ရီကားအတွင်းမှ ရွှေ့ပြောင်းနေထိုင်သူများ သေဆုံးမှုအတွက် ဗီယက်နမ်နိုင်ငံတွင် လူလေးဦးကို ထောင်ဒဏ်ချမှတ်

စက်တင်ဘာ ၁၆၊ ဟနွိုင်း


အင်္ဂလန်နိုင်ငံ အက်ဆက်မြို့ရှိ အအေးခန်းလော်ရီကားအတွင်း ဗီယက်နမ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ၃၉ ဦး  သေဆုံးမှုနှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံတွင် လူလေးဦးကို ထောင်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ရုပ်အလောင်းများကို အအေးခန်းလောရီကားအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။


ဟာတင်မြို့တွင် တစ်ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ပို့ဆောင်ရန် ဦးစီးလုပ်ဆောင်ခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းတို့ဖြင့် အပြစ်ရှိခြင်းကြောင့် တရားပြိုင်လေးဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဟု VnExpress သတင်းဌာနက ဖော်ပြသည်။ တရားမဝင် ခရီးစဉ်တွင် လိုက်ပါခွင့်ရရန်အတွက်  ရွှေ့ပြောင်းနေထိုင်သူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၂၀၀၀ ပေးခဲ့ရသည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။


တရားပြိုင်လေးဦးမှာ အသက် ၂၄ နှစ်မှ ၃၆ နှစ်ကြား အရွယ်ရှိသူများဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်ခွဲမှ ၇ နှစ်ခွဲအထိ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ယခုနှစ်အစောပိုင်းကလည်း လော်ရီကား ယာဉ်မောင်း ရော်ဘင်ဆန်က လူသတ်မှု ၃၉ မှု၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်ခြင်းကို ပံ့ပိုးကူညီမှုများအတွက် အပြစ်ရှိကြောင်း ဖြောင့်ချက်ပေးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ