နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စကော့တလန်လိဂ်သမိုင်းအသစ် ရေးထိုးလိုက်တဲ့ နည်းပြ စတီဗင်ဂျရတ်

စက်တင်ဘာ  ၁၆


စကော့တလန်လိဂ်ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရိန်းဂျားအသင်းနဲ့ ဒန်ဒီယူနိုက်တက်ယှဉ်ပြိုင်ကြတဲ့ပွဲမှာ နည်းပြ စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားအသင်းက ဒန်ဒီယူနိုက်တက်ကို ၄−၀ နဲ့ အနိုင်ယူပြီး စကော့တလန်လိဂ်ကို ဦးဆောင်ထားဆဲဖြစ်ပါတယ်။  ဒီအနိုင်ပွဲဟာ ရိန်းဂျားအတွက် မှတ်တမ်းအသစ်တစ်ခု ပိုင်ဆိုင်စေခဲ့ပါတယ်။ ရိန်းဂျားဟာ ရာသီစတင်ကတည်းက ၇ ပွဲဆက်တိုက် ဂိုးလုံးဝမပေးရဘဲ ပွဲတိုင်း Clean Sheet ရထားတာ ဖြစ်ပါတယ်။ အဲဒီ ၇ ပွဲမှာ ၆ ပွဲနိုင် ၁ ပွဲသရေရှုံးပွဲမရှိနဲ့ ပေးဂိုးမရှိ စံချိန်ကောင်းရလာခဲ့ပါတယ်။ ဒါဟာ စကော့တလန်လိဂ်ရဲ့ ၁၁၄ နှစ် ကြာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အင်္ဂလန်ပြည်တွင်းမှာဆိုရင် ၂၀၀၅ ခုနှစ်က ချဲလ်ဆီးအသင်းတင်ခဲ့တဲ့ Clean Sheet မှတ်တမ်းနဲ့တူညီတဲ့ အရေအတွက်လည်းဖြစ်ပါတယ်။ ဥရောပရဲ့ အကောင်းဆုံးစံချိန်ဆိုရင်တော့ ၁၉၉၄ ခုနှစ်က အေဂျက်အသင်း တင်ထားတဲ့ မှတ်တမ်းကို လိုက်မီဖို့ Clean Sheet ၂ ပွဲပဲလိုပါတော့တယ်။ ကမ္ဘာ့အဆင့်မှာတော့ လွန်ခဲ့တဲ့နှစ် ၂၀ က တူနီးရှားကလပ်ဟာ Clean Sheet ၁၀ ပွဲဆက်တိုက်ရခဲ့ဖူးပါတယ်။ ဒါကြောင့် ရိန်းဂျားအနေနဲ့ Hibs အသင်း၊ Mother Well အသင်း၊ Rose Country အသင်းတို့ကိုအနိုင်ရမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ခံစစ် တံတိုင်းမှတ်တမ်းကို ကျော်ဖြတ်သွားနိုင်မှာပါ။ စတီဗင်ဂျရတ်ဟာ သူ့ရဲ့ မန်နေဂျာဘဝ တတိယမြောက်ရာသီကို ကျော်ဖြတ်နေချိန်မှာ စကော့တလန်လိဂ်ကို ၉ ရာသီကြာလွှမ်းမိုးထားတဲ့ ဆဲလ်တစ်ရဲ့လွှမ်းမိုးမှုကို ဖောက်ဖျက်ဖို့ ကြိုးစားနေပါတယ်။ ဒီရာသီ ရိန်းဂျားနဲ့အတူ ဆုဖားတွေရရှိဖို့က ဂျရတ်ရဲ့ ကြီးမားတဲ့မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ