နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုးရီးယားရဲ့ အကောင်းဆုံးလူငယ်ဘောလုံးသမားက လာလီဂါမှာ စံချိန်တစ်ခုချိုးလိုက်ပြန်

စက်တင်ဘာ  ၁၆


၂၀၁၉ ခုနှစ်က ချီးမြှင့်တဲ့ အာရှလူငယ်အကောင်းဆုံးဘောလုံးသမားဆုနဲ့ တောင်ကိုးရီးယားလူငယ် အကောင်းဆုံးဘောလုံးသမားဆုရ လီကောင်အင်ဟာ ဗလင်စီယာအသင်းက လီဗန်တေးအသင်းကို ၄−၂ အနိုင်ရခဲ့တဲ့ပွဲမှာ စံချိန်သစ်တစ်ခု ရရှိခဲ့ပါတယ်။ လီကောင်အင်ဟာ ဒီပွဲမှာ စပိန်ကလပ်အသင်းအတွက် အချိန်ပြည့် ပါဝင်ကစားခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လီကောင်အင်ဟာ ၂၀၁၁ ခုနှစ်တုန်းကတည်းက ဗလင်စီယာ လူငယ်အသင်းကို ရောက်ရှိလာပြီး ၂၀၁၈ ခုနှစ်မှာတော့ အသင်းကြီးမှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ လီကောင်အင်ဟာ လီဗန်တေးအသင်းကို အနိုင်ရတဲ့ပွဲမှာ ဗလင်စီယာအသင်းဖော်တွေဖြစ်တဲ့ ပေါ်လစ္စတာနဲ့ ဂိုးမတ်စ်တို့ ဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လီကောင်အင်ဟာ ၂၁ ရာစု အတွင်း လာလီဂါပွဲစဉ်တစ်ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ လီကောင်အင်ရဲ့အသက်ဟာ ၁၉ နှစ်နဲ့ ၂၀၇ ရက်သာရှိပါသေးတယ်။ ဒီစံချိန်ကို ဗလင်စီယာကစားသမားဟောင်း မာတာက ၂၀၀၈ မှာတင်နိုင်ခဲ့ပြီး အဲဒီချိန် မာတာရဲ့အသက်က ၂၀ နှစ်နဲ့ ၁၅၀ ရက်သာရှိခဲ့ပါတယ်။ လီကောင်အင်ဟာ ချယ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း လူစားဝင်ကစားခဲ့ရတဲ့ တောင်ကိုးရီးယားရဲ့ ချန်ပီယံလိဂ်ပွဲထွက်ခွင့်ရ အသက်အငယ်ဆုံးကစားသမားအဖြစ် လည်း မှတ်တမ်းဝင်ခဲ့သူပါ။  


(SO)






အခြားဆက်စပ်သတင်းများ