နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၁၆


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၅)ရပ်ကွက်၊ သခင်တင်လမ်းမပေါ်၌ သန်းထိုက်ထံမှ အရိုးအသွား(၂၈)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီအချိန်တွင် (၂)ရပ်ကွက်၊ သုဇိတာ(၆)လမ်းမပေါ်၌ အောင်ကျော်ထွန်းထံမှ အရိုးအသွား(၂၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားရှည်တစ်ချောင်းနှင့် ည ၉ နာရီအချိန်တွင် (၁)ရပ်ကွက်၊ မဉ္ဇူလမ်းမပေါ်၌ ပြည့်ဖြိုးဦးထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊

သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီအချိန်တွင် သနပ်ပင်လမ်းဆုံ၌ သီဟထွဋ်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီခွဲအချိန်တွင် အောင်မိုးဦး ထံမှ အရိုးအသွား (၁၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် ကုလားကြီးစုကျေးရွာ၊ ဒဂုံဧရာအဝေး ပြေးကားလမ်းမပေါ်၌ စိုးသူရထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရ သည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ