နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးညှင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မိုးညှင်း စက်တင်ဘာ ၁၆


  စက်တင်ဘာ ၁၄ ရက်၊ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးရှိ မနောဧကရီတိုးဂိတ်တွင် Light Truck အမျိုးအစားကုန်တင်ယာဉ်ကိုရှာဖွေရာ ယာဉ်ရှေ့ခန်းရှိ လမင်းအေး၊ ဟိုပင် ဟုရေးသားထားသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ပါသည်။ 

ကွင်းဆက်အရ နေ့လဘ် ၂ နာရီခွဲအချိန် ဟိုပင်မြို့၊ ဟိုပင်နန်းတော်ဝင်ကားဂိတ်တွင် ၎င်းဂျပ်ဖာ လာရောက်ရွေးယူသည့် မအေမီကျော်အား HONDA FIT အမျိုးအစားမော်တော်ယာဉ် တစ်စီးဖြင့်လည်းကောင်း ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၄ နာရီခွဲအချိန် ချမ်းအေးသာဇံမြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၅ x ၅၆ လမ်းကြား၊ မနော်ဟရီလမ်း၊ အမှတ်(၂၀-ခ)နေ မပိုးပိုးခြည် အားထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် မအေမီကျော်(၂၈)နှစ်၊ မပိုးပိုးခြည်(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ