နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ် စက်တင်ဘာ ၁၆


   စက်တင်ဘာ ၁၄ ရက်၊ ညနေ ညနေ ၅ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာနေ အိုက်ဖတ်၏ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ အိုက်နန်ဟုန် အားတွေ့ရှိရပြီး နေအိမ်အိပ်ခန်းထဲရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅,၂၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ဖတ်(၅၁)နှစ်၊ အိုက်နန်ဟုန် (၅၇)နှစ်တို့အားမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်၊ ည ၇ နာရီ  ၅၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ဇလဲကျေးရွာအနီး၊ တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်းတွင် စည်သူဝင်း မောင်းနှင်လာသည့် Honda Fit မော်တော်ယာဉ်အားစစ်ဆေးရှာဖွေရာ ၎င်းမော်တော် ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စည်သူဝင်း(၃၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ