နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေယာအရှုပ်အထွေးတွင် ရဲအရာရှိသုံးဦးကို သတ်ရာ၌ ပါဝင်ခဲ့ခြင်းကြောင့် ဗီယက်နမ်တရားရုံးက ညီအစ်ကို နှစ်ဦးကို သေဒဏ် ချမှတ်

စက်တင်ဘာ ၁၅၊ ဟနွိုင်း


ပြီးခဲ့သည့်ဇန်နဝါရီလက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် မြေယာပိုင်ဆိုင်မှု အရှုပ်အထွေးတွင် ရဲအရာရှိသုံးဦးကို သတ်ရာ၌ ပါဝင်ခဲ့ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ တရားရုံးက ညီအစ်ကိုနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ ရုံးတင်စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် အခြားသူ ၂၇ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ ဆိုင်းငံ့ထောင်ဒဏ် ၁၅ လ ပြစ်ဒဏ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။ လီဒင်ကောင်းနှင့် လီဒင်ချူတို့ ညီအစ်ကိုနှစ်ဦးမှာ ရဲတပ်ဖွဲ့ကို ခုခံတွန်းလှန်ရာတွင် အဓိကကြိုးကိုင်ခဲ့သူများဖြစ်သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။


ပြီးခဲ့သည့်ဇန်နဝါရီလက ဒေါင်တန်ရွာအနီးရှိ မီယူမွန်လေဆိပ်အနီးတစ်ဝိုက်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၏ မြေယာသိမ်းဆည်းမှုကို ကူညီရန်အတွက် ရဲတပ်ဖွဲ့က ဒေါင်တန်ရွာသို့ ရောက်ရှိလာခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနက မြေယာသိမ်းဆည်းရာတွင် သင့်တော်သည့် နစ်နာကြေးပေးခဲ့ခြင်းမရှိဟု ရွာသားများက ဆိုခဲ့ပြီး အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။


အာဏာပိုင်များ၏ ပြောကြားချက်အရ လီဒင်ကင်း ဦးဆောင်သည့် ဒေသခံများက ရဲတပ်ဖွဲ့ကို အင်အားသုံး၍ တွန်းလှန်တိုက်ခိုက်ခဲ့ကြပြီး ဗိုလ်မှူးကြီး ငုယင်ဟေသင်၊ ဗိုလ်မှူး ဖန်ကောင်းဟေ၊ ဒုတိယဗိုလ်မှူး ဒေါင်ဒုဟိုအန်ကွန်တို့ကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည်ဟု သိရသည်။ အဆိုပါဖြစ်ရပ်တွင် အသက် ၈၄ နှစ်အရွယ်ရှိသည့် ဒေသခံအရာရှိဟောင်း လီဒင်ကင်းကို ရဲတပ်ဖွဲ့က အသေဖမ်းဆီးခဲ့သည်။ လီဒင်ကင်းမှာ လီဒင်ကောင်း၊ လီဒင်ချူတို့၏ဖခင်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ