စက်တင်ဘာ ၁၅
PSG နဲ့ ဗာဆေးလ်တို့ ကစားတဲ့ပွဲစဉ်မှာ ၉၀+၆ မိနစ်မှာ ရန်ပွဲဖြစ်ခဲ့တာကြောင့် ကစားသမား ၅ ဦး အနီကတ်ပြထုတ်ခံခဲ့ရပါတယ်။ ၅ ဦးအနက် နေမာကတော့ VAR ကြည့်ပြီးမှ အနီကတ်ပြခံရတာပါ။ ဖြစ်စဉ်က ရန်ပွဲလို့ဆိုပေမယ့် နေမာကတော့ လူမျိုးရေးခွဲခြားခံခဲ့ရတယ်လို့ ဆိုထားပါတယ်။ နေမာနဲ့ ဂွန်ဇာလတ် တို့ တစ်ယောက်တစ်ခွန်း စကားများချိန်မှာပဲ မာဆေးဂိုးသမား ကန်တင်တဲ့ ဘောလုံးကို PSG ကွင်းလယ်လူ ပါရီဒက်စ် ဘောလုံးကို ထိန်းဖို့ကြိုးစားနေချိန် မာဆေးကစားသမား ဘန်နီဒက်တိုက နောက်ကနေ ပလိန်းဝင်ပြီး ကန်ချလိုက်တော့ ဒက်တို လဲကျသွားချိန် ပါရီဒက်စ် ဘောလုံးရသွားပါတယ်။ ပြန်ထလာတဲ့ ဒက်တိုနဲ့ လမ်းကြောင်းမှာ အသင့်ရှိနေတဲ့ ဒလက်ဇလာတို့က နှစ်ယောက်ညှပ်ပြီး ပါရီဒက်စ်ကို ထပ်လုပ်လိုက်ချိန်မှာ ရန်ပွဲက စသွားခဲ့တာပါ။ ကစားသမားတွေ စုလာပြီး ဟိုတွန်းဒီတွန်းဖြစ်ကြချိန် စိတ်မထိန်းနိုင်တဲ့ PSG နောက်ခံလူ ကာဇာဝါနဲ့ မာဆေးလ်ဘယ်နောက်ခံလူ အေမာဗီတို့ တစ်ယောက်နဲ့တစ်ယောက် ခြေထောက်တွေနဲ့ ပလိန်းကြီး အပြင်မှာ ကန်ကြချကြဖြစ်ကုန်ပါတယ်။ ဒိုင်က အခြေအနေကိုတည်ငြိမ်အောင် ပလိန်းကန်ကြီးကန်နေတဲ့ နှစ်ယောက်ကို အနီကတ်ပြ ထုတ်လိုက်ပါတယ်။ ရန်ပွဲစတင်ခဲ့တဲ့ နှစ်ယောက်ကို အဝါကတ်ပြခဲ့တာကြောင့် နှစ်ယောက်လုံး နှစ်ဝါတစ်နီနဲ့ ထွက်ခဲ့ကြရပါတယ်။ အဲဒီအချိန်မှာ VAR ခန်းထဲက ဖြစ်စဉ်ကြည့်နေသူ တွေက နေမာလဲပါတယ်လို့ အချက်လှမ်းပြပါတယ်။ VAR ကို အနီးကပ် စစ်ဆေးကြည့်တော့ တကယ်ပဲ နေမာပါဝင်နေပါတယ်။ လူတွေရှုပ်ထွေးရုန်းရင်းဆန်ခတ်ဖြစ်နေချိန် နဂိုက စကားများရန်စရှိခဲ့တဲ့ ဂွန်ဇာလတ်ရဲ့ နောက်စေ့ကို လက်နဲ့ခေါက်ခဲ့တာပါ။ ဒိုင်က နေမာကို တိုက်ရိုက်အနီပြခဲ့ပါတယ်။ ပွဲကို ချက်ချင်းရပ်ပြီး မိနစ် ၃၀ က သွင်းထားတဲ့ဂိုးနဲ့ မာဆေးလ်ကို အနိုင်ပေးခဲ့ပါတယ်။ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာတော့ နေမာက သူလုပ်ခဲ့တယ်လို့ ဝန်ခံပါတယ်။ လုပ်ခဲ့တာက လူမျိုးရေးခွဲခြားခံရလိုတော့ ဆိုပါတယ်။ Dirty Monkey လို့ အခေါ်ခံရတာကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် အတည်တော့ မပြုသေးပါဘူး။
နေမာက တွစ်တာမှာ “အနီကတ်အတွက် ရင်မခုန်ကြောင်း၊ ငါလုံးဝနောင်တရတာက ဂွန်ဇာလတ်ရဲ့ မျက်နှာကို မထိုးလိုက်ရတာပဲ”လို့ ဖွင့်ဟခဲ့ပါတယ်။ ကွင်းထဲမှာ လက်ပါတာက နေမာ့အပိုင်း။ ကွင်းလယ်ဒိုင်ကို လူမျိုးရေးခွဲခြားခံနေ ရကြောင်း တွင်တွင်ပြောနေပြီး မှန်ကန်ခဲ့ရင်တော့ ဂွန်ဇာလက်တစ်ယောက် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာပါ။
(SO)