စက်တင်ဘာ ၁၅
ပရီးမီးယားလိဂ်ပွဲစဉ်(၁)ရဲ့ အဖွင့်ပွဲစဉ်မှာ စပါးအသင်းနဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်ကတော့ ဒုတိယပိုင်းပွဲချိန် ၅၅ မိနစ်က အဲဗာတန်တိုက်စစ်မှူး အယ်လ်ဗတ်လူဝင်ရဲ့ သွင်းဂိုး ၁ ဂိုး ခွင့်ပြုလိုက်ရတာကြောင့် အဖွင့်ပွဲစဉ် ဘုရင်ကြီး စပါးနည်းပြမော်ရင်ဟိုဟာ ၁−၀ ရလဒ်နဲ့ ရှုံးနိမ့်မှုနဲ့အတူ မှတ်တမ်းဆိုးလည်း ရရှိသွားပါတယ်။ အဲဗာတန်ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွတ်ကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ မှတ်တမ်းကောင်းရရှိသွားပါတယ်။ နည်းပြမော်ရင်ဟိုဟာ နည်းပြသက်တမ်းတစ်လျှောက် အဲဗာတန်ပွဲမရှုံးခင်ကဆိုရင် ရာသီအစအဖွင့်ပွဲစဉ် ၁၈ ပွဲနည်းပြခဲ့ရာမှာ တစ်ပွဲမှ မရှုံးခဲ့ဘဲ နိုင်ပွဲ ၁၁ ပွဲနဲ့ သရေ ၇ ပွဲကို ရရှိထားခဲ့ပါတယ်။ ယခုရှုံးပွဲဟာ ရာသီအစ ပွဲစဉ်ရဲ့ ပထမဆုံး ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ယခုလအစောပိုင်းက ရီးရဲလ်အသင်းကနေ အဲဗာတန်အသင်းကို ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ အဲဗာတန်ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွတ်စ်ကတော့ ပရီးမီးယားလိဂ် ပွဲဦးထွက်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်တာကြောင့် မှတ်တမ်းကောင်းရရှိခဲ့ပါတယ်။ ဂျိမ်းရိုဒရီဂွတ်စ်ဟာ ၂၀၁၄ ခုနှစ်က ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်မှာ အခွင့်အရေး ၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဆန်းချက်စ်နောက်ပိုင်း ပွဲဦးထွက်ပွဲစဉ်မှာ အခွင့်အရေး ၅ ကြိမ်ဖန်တီးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုဟာ နည်းပြသက်တမ်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် ရာသီအစပွဲစဉ် ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုက ဒီပွဲရှုံးနိမ့်ရတာဟာ အဓိက ကစားသမားတွေ COVID-19 ကူးစက်ခံရတာကြောင့် တချို့ကွာရန်တင်းဝင်နေရပြီး အခုလိုအင်အားနည်းရတဲ့အပြင် လေ့ကျင့်ချိန် နည်းခဲ့တာကြောင့်လို့ ထောက်ပြခဲ့ပါတယ်။
(SO)