နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေ့ကျင့်ရေးကွင်းမှာ မက်ဆီကို ကြမ်းတမ်းစွာမဖျက်ထုတ်ရ စည်းကမ်းထုတ်ထား

စက်တင်ဘာ  ၁၅


ဘာစီလိုနာအသင်းဟာ လေ့ကျင့်ရေးကွင်းမှာ မက်ဆီကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှုမျိုး မပြုလုပ်ဖို့ ညွှန်ကြားထားတယ်လို့ မက်ဆီရဲ့ အသင်းဖော်တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

မက်ဆီရဲ့ အသင်းဖော် ဂျင်းန်ကလဲတိုဒီဘိုက Marca သတင်းစာကို “သူ(မက်ဆီ)ဒဏ်ရာရသွားလို့ မဖြစ်ဘူးဆိုတာကို ကျွန်တော်တို့အားလုံးသိပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာ မက်ဆီကို ဂရုတစိုက်နဲ့ ခုခံရတယ်။ ကျွန်တော် မက်ဆီကနေ အများကြီးသင်ယူခွင့်ရပါတယ်။ ကျွန်တော် သူ့ကို အကြိမ်အနည်းငယ် လောက် ဖျက်ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ကို အနာတရမဖြစ်အောင် ဖျက်ထုတ်ရတယ်”လို့ ပြောဆို ခဲ့ပါတယ်။ 

သိပ်မကြာခင်က မက်ဆီ လေ့ကျင့်ရေးကွင်းကို မလာပါဘူး။ အသင်းကနေထွက်ခွင့်ပေးဖို့ တောင်းဆို နေပါတယ်။ နောက်ပိုင်း မက်ဆီဟာ သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး လေ့ကျင့်ခန်းလာဆင်းပါတယ်။ မက်ဆီ ဟာ ပရော်ဖက်ရှင်နယ်စိတ်ဓာတ်ကိုပြသခဲ့ပြီး အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အသင်းဖော်တွေထက်စောပြီး ရောက်လာတာတွေ့ရပါတယ်။ တာရာဂိုနာအသင်းနဲ့ ခြေစမ်းပွဲမှာ အရန်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ မက်ဆီ နဲ့ ရော်နယ်လ်ကိုးမန်းတို့ တွေ့ဆုံရာမှာ မက်ဆီက အသင်းအတွက် အကောင်းဆုံးပေးဆပ်သွားမယ်လို့ ပြောခဲ့ကြောင်း သတင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့ လာလီဂါရာသီမှာ သွင်းဂိုး ၂၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ခဲ့တဲ့ ပထမဆုံး လာလီဂါကစားသမားဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ စံချိန်သစ်တွေ ဆက်လက်ရေးထိုးသွားမှာ သေချာပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ