နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အလှဆုံး ဂိုးရွေးချယ်ရေးအဖွဲ့အတွက် ဘရက်စ်အသင်းက ကာဒိုနာရဲ့ အလှပဆုံးဂိုး

စက်တင်ဘာ  ၁၅


လီဂူးဝမ်းပွဲစဉ်တွေထဲက ဘရက်စ်နဲ့ ဒီဂျွန်တို့ပွဲစဉ်မှာ ဘရက်စ်က ၂−၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဦးဆောင်ဂိုး ကို ဘရက်စ်ရဲ့ ဘယ်နောက်ခံလူပါရောက်ဒ်က သွင်းယူခဲ့ပါတယ်။ ၇၈ မိနစ်အရောက်မှာတော့ ဘရက်စ်ရဲ့ ဒဏ်ရာရသွားတဲ့ ကွင်းလယ်ကစားသမားအစား ကာဒိုနာဝင်ရောက်ကစားခဲ့ပါတယ်။ ဘရက်စ်တို့ တိုက်စစ်အား မြှင့်လာပြီး အချိန်ပို ၉၀ + ၄ မိနစ်အရောက်မှာ ဘရက်စ်အတွက် ဒုတိယအနိုင်ဂိုးကိုတော့ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ဆွဲထွက်လာတဲ့ ပါရောက်ဒ်က ဒီဂျွန်ဂိုးဧရိယာထဲ ခုတ်တင်ပေးလိုက်ပါတယ်။ အဲဒီ ဘောလုံးက အသင့်လိုက်လာတဲ့ ကာဒိုနာဆီမရောက်ခဲ့ဘဲ နည်းနည်းအရှိန်များသွားခဲ့ပါတယ်။ ဒါပေမယ့် ကာဒိုနာက ဘောလုံးနောက်ကို ချိန်သားကိုက်ပြေးလိုက်သွားခဲ့ပြီး ဒုတိယအနိုင်ဂိုးဖြစ်လာမယ့် ဘောလုံး ကို မြေဝယ်မကျခင် ရင်ဘတ်နားအရောက်မှာ အခရိုဘတ်တစ်ဘော်လီကန်ဟန်နဲ့ အတင်းကို လိုက်ကန် ထည့်ခဲ့ပါတယ်။ ဂိုးသမားရဲ့ ဘယ်ထောင့် ဆယ်ပြားစေ့ကို စက်နဲ့ရိုက်သွင်းသလို တန်းနေအောင် ဝင်သွား ခဲ့ပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေအဆိုအရ အဲဒီအနေအထားဟာ ဂိုးဖို့ ဘယ်လိုမှမဖြစ်နိုင်သလို   ရာခိုင်နှုန်း အင်မတန်နည်းတဲ့အနေအထားလို့ ဆိုပါတယ်။ ဂိုးဝင်ခဲ့တဲ့ပုံစံကလည်း အတော်ကို လှပနေတာကြောင့် ၂၀၂၀−၂၁ အတွက် ပူးကပ်စ်ဆုရဖို့ အလားအလာအကောင်းဆုံးဖြစ်နေပါတယ်။ အချိန်တွေအများကြီး ကျန်သေးပေမယ့် ဒီထက်လှတဲ့ဂိုးတွေ ထပ်ပေါ်လာရင်တောင် ဒီးဂိုးလောက်ကောင်းပါ့မလားဆိုတာတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။    

(SO)






အခြားဆက်စပ်သတင်းများ