နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ရောဂါ မြင့်တက်ဖြစ်ပွားနေသော်လည်း ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ်တစ်လအတွင်းက တစ်ရက်လျှင် ပျမ်းမျှ ငွေကျပ် ၄၇ သန်းကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့

ရန်ကုန် စက်တင်ဘာ ၁၅


ကိုဗစ်ရောဂါမြင့်တက်ဖြစ်ပွားနေသော်လည်း ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ်တစ်လအတွင်းက တစ်ရက်လျှင် ပျမ်းမျှငွေ ကျပ် ၄၇ သန်းကျော်ဖိုးအရောင်းအဝယ်ဖြစ်နေခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်သတင်းများအရ သိရသည်။ 

လက်ရှိတွင် ကိုဗစ်ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးတွင် ထိခိုက်မှုများကြုံတွေ့နေခဲ့ရသော်လည်း ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ်တစ်လအတွင်းတွင် ငွေကျပ်သန်းပေါင်း ၉၄၄ သန်းဖိုးအထိ အစုရှယ်ယာများ ရောင်းချပေးခဲ့ရသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် ဩဂုတ်လအတွင်းကNormal Trade နှင့် အစုရှယ်ယာပေါင်း ၁၁၈၈၅၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေပမာဏအနေဖြင့်ငွေကျပ် ၇၄၇ဒသမ၅သန်းဖိုးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ထို့အတူ Block Trading စနစ်အနေနှင့်လည်း အစုရှယ်ယာ ၅၄၈၇၄ စု အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ငွေပမာဏအားဖြင့် ငွေတန်ဖိုးကျပ် ၁၉၇ ဒသမ ၄၅ သန်းဖိုး အရောင်းအဝယ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဩဂုတ်လအတွင်းတွင် ရန်ကုန်စတော့အိတ်ချိန်းအနေနှင့် စုစုပေါင်းငွေကျပ်သန်းပေါင်း ၉၄၄ဒသမ၉၅ သန်းဖိုးအရောင်းအဝယ်ရှိသဖြင့် တစ်ရက်ပျမ်းမျှအားဖြင့် ငွေကျပ် ၄၇ သန်းဖိုးအရောင်းအဝယ် ရှိခဲ့ခြင်းဖြစ်သည်။ သို့သော်အနီးကပ်ဆုံး ဇူလိုင်လအရောင်းအဝယ်ဖြစ်ခဲ့သည့်အခြေအနေများနှင့် နှိုင်းယှဉ်ပါက အရာင်းအဝယ်ပမာဏမှာ ငါးရာခိုင်နှုန်းခန့် ကျဆင်သွားခဲ့ကြောင်း သိရသည်။


ကိုသာစစ်






အခြားဆက်စပ်သတင်းများ