နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၇၉ သန်းကျော် လျော့ကျ

ရန်ကုန်   စက်တင်ဘာ   ၁၅


ယခုဘဏ္ဍာနှစ် ၁၁ လအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၂ သန်းကျော်ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ၇၉ သန်းကျော် လျော့ကျခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများအရ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့သည့် လုပ်ငန်း ၆ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ  ၁၄၂ ဒသမ ၂၉၇ သန်း ရရှိထားပြီး ပြီးခဲ့သည့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြု ပေးခဲ့သည့် လုပ်ငန်း ၁၆ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၁ ဒသမ ၄၃၀ သန်း ရရှိခဲ့သည်။

သို့ဖြစ်၍ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့်နှစ် ကာလတူထက် လုပ်ငန်း ၁၀ ခု လျော့နည်းခဲ့သည့်အပြင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၁၃၃ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် စက်မှုကဏ္ဍ၊ ကုန်စည်ရောင်းဝယ်ရေးကဏ္ဍ၊ အိမ်ရာနှင့်အဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့ရှိသော်လည်း ဘဏ္ဍာနှစ် နှစ်ခုစလုံးတွင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတွင်သာ   ရင်းနှီးမြှုပ်နှံထားသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ