နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
AirPods Pro တွင် အသုံးပြုနိုင်မည့် Razer THS Case ကို ကြေညာ

စက်တင်ဘာ   ၁၅


Razer က Apple AirPods Pro အတွက် THS Case ဟု အမည်ပေးထားသည့် Protective Case ကို ကြေညာလာသည်။

ယင်း Case ကို Elastic TPU Silicone ၊ Carabiner တို့ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ မျက်နှာပြင်မှာ LED မီးအတွက် နေရာပေးထားသလို အောက်ဘက်မှာလည်း ကြိုးမဲ့အားသွင်းရန်အတွက် နေရာပေးထားသည်။ ထို့ကြောင့် Case ကို သုံးထားချိန်မှာလည်း ကြိုးမဲ့အားသွင်းမှု ပြုလုပ်နိုင်မည်ဖြစ်သည်။ Razer က ယခု Case ကို သန့်စင်မှုပြုလုပ်လိုက်ရုံဖြင့် အသစ်အတိုင်း လှပနေမည်ဟု ဆိုထားသည်။

Razer THS Case ကို ဈေးနှုန်းအနေဖြင့် ၂၉ ဒေါ်လာသတ်မှတ်ထားပြီး အဖြူရောင်၊ အနက်ရောင်နှင့် ပန်းရောင် တို့ကို ရွေးချယ်နိုင်မည်ဖြစ်သည်။

Razer က ဂိမ်းအသုံးအဆောင်ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး အခြားကုမ္ပဏီများက ထုတ်လုပ် သည့် Product များအတွက်လည်း တွဲဖက်ပစ္စည်းများလည်း ထုတ်လုပ်ရောင်းချနေသည့်ကုမ္ပဏီဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ