နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုလထဲတွင် Unpacked ပွဲတစ်ခုကို Samsung ပြုလုပ်သွားမည်

စက်တင်ဘာ   ၁၅


ယခု ၂၀၂၀ ပြည့်နှစ်အတွက် နောက်ထပ်အွန်လိုင်းပွဲတစ်ခုကို Samsung က ကြေညာလိုက်ပြန်သည်။ Samsung Unpacked for Every Fan အမည်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း Fan Edition ဖုန်းသစ်များ မြင်တွေ့နိုင်ရန်အတွက် ယခုစက်တင်ဘာလ ၂၃ ရက်တွင် ကျင်းပသွားမည့် အဆိုပါပွဲတွင် မိတ်ဆက်ပေးမည့်အစီအစဉ်အကြောင်း မသိရသေးသော်လည်း သတင်းများအရ Samsung Galaxy S20 Fan Edition ကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ 

Galaxy S20 Fan Edition သည် အောက်တိုဘာလထဲတွင် ဈေးကွက်တင်ရောင်းချသွားမည်ဖြစ်ပြီး မျက်နှာပြင် ၆ ဒသမ ၅ လက်မ Super AMOLED screen ဖြင့် ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။  240Hz refresh rate ပါရှိသည့် display ဖြင့် ထွက်ရှိလာမည်ဖြစ်ပြီး 4G နှင့် 5G မော်ဒယ်နှစ်မျိုး ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

သုံးစွဲသူများ အကြိုက်တွေ့စေမည့် feature များစွာထည့်သွင်းထားပြီး Samsung ဖုန်းအမျိုးအစား များသည် များသောအားဖြင့် အကြမ်းခံသည့် ဖုန်းများဖြစ်သည်။  COVID-19 ကပ်ဘေးကြောင့် အွန်လိုင်း မိတ်ဆက်ပွဲများကျင်းပပြီး ထုတ်ကုန်သစ်များ မိတ်ဆက်ခဲ့ရာ ပြီးခဲ့သည့် ဩဂုတ်လထဲတွင် Galaxy Note 20 ၊ Note 20 Ultra ၊ Galaxy Buds Livve ၊ Galaxy Tab S7 ၊ Galaxy Watch 3 တို့ကို မိတ်ဆက်ခဲ့ပြီး စက်တင်ဘာ ၁ ရက် Unpacked ပွဲတွင် Galaxy Z Fold 2 စမတ်ဖုန်းကို ကြေညာခဲ့သည်။

Samsung သည် ဘာလင်တွင် ကျင်းပသည့် IFC ထုတ်ကုန်ပြပွဲတွင်လည်း Galaxy A42 5G ၊ Tab A7 ၊ Galaxy Fit 2 အပါအဝင် ထုတ်ကုန်သစ်များကိုလည်း virtual launch အဖြစ် အွန်လိုင်းမှ မိတ်ဆက်ခဲ့သည်။ 


(WP)






အခြားဆက်စပ်သတင်းများ