စက်တင်ဘာ ၁၄
နည်းပြ ဆီမြွန်နီ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း အေတီကိုအသင်းက ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၅၀ နှစ်အရွယ်ရှိ နည်းပြ ဆီမြွန်နီသည် COVID-19 ရောဂါ စစ်ဆေးမှုပြုလုပ်ခဲ့ရာ Positive ထွက်ပေါ်ခဲ့ သော်လည်း ရောဂါလက္ခဏာတစ်စုံတစ်ရာ ပြသခြင်းမရှိသကဲ့သို့ ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး အသွားအလာကန့်သတ်ကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြောင်း သိရသည်။
ယင်းသည် နေအိမ်၌သာ Self-isolate ပြုလုပ်နေပြီး ရောဂါပျောက်ကင်းမှသာ အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များကို ဦးဆောင်မည်ဖြစ်သည်။
အေတီကိုအသင်းတွင် နည်းပြ ဆီမြွန်နီတစ်ဦးတည်း COVID-19 ရောဂါ ကူးစက်ခံထားရခြင်းမဟုတ်ဘဲ ယင်းမတိုင်မီ တိုက်စစ်မှူး ကော်စတာနှင့် ခံစစ်ကစားသမား ဆန်တီယာဂိုတို့လည်း ရောဂါကူးစက်ခံခဲ့ရသည်။
(ဝင်းလွင်)