နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခံစစ်ပိုင်းအမှားတွေများပြီး ပေးဂိုး ၃ ဂိုးခွင့်ပြုခဲ့ရတာကို ကာကွယ်ခဲ့တဲ့ နည်းပြကလော့

စက်တင်ဘာ  ၁၄


တန်းတက်အသင်းလိဒ်နဲ့ပွဲစဉ်မှာ လီဗာပူးခံစစ်သမား ထရန့်ကစားပုံကညံ့ခဲ့ပြီး ဗန်ဒိုက်နဲ့ အယ်လီဆန် တို့ကလည်း ပုံမှန်အနေအထားမရှိပါဘူး။ ဒါပေမယ့် နည်းပြကြီးကလော့ကတော့ လီဗာပူးရဲ့ခံစစ်ဟာ ဆိုးဆိုး ရွားရွားနဲ့ လိုအပ်ချက်တွေများနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကိုလက်မခံပါဘူး။ အသင်းရဲ့ခံစစ်ဟာ မတူညီတဲ့ ခံစစ်ကစားပုံတွေဆီကနေ ပြန်ရောက်လာပြီး အထိုင်ပြန်ကျဖို့ဆိုရင် အချိန်တစ်ခုတော့ လိုအပ်မှာပါလို့  ကလော့ကမြင်ပါတယ်။ ကလော့က ပွဲမစခင်ကတည်းက “လိဒ်ကို ရင်ဆိုင်ရာမှာ ရုန်းကန်ရနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ကစားဟန်ကြောင့်ပါပဲ၊ အခြားအသင်းတွေအတွက်လည်း ခြားနားတဲ့ကစားဟန်ဖြစ်ပါတယ်။ ဘောလုံးမှာ ကိုယ်က ပြိုင်ဘက်ကိုမလေးစားဘူးဆိုရင် ကောင်းကောင်း ကြီးအပြစ်ပေးခံရတတ်ပါတယ်။ ဒီပွဲမှာ အသင်းရဲ့စိတ်ဓာတ်ပိုင်းကို ကျွန်တော်သဘောကျပါတယ်။ သူတို့အဆုံးထိမရပ်တန့်ပါဘူး။ ဒါကို ပိုနှစ်သက်ပါတယ်။ ခံစစ်ပိုင်းက အရမ်းကြီးရုန်းကန်ရတယ်လို့ မမြင်ပါဘူး။ သူတို့ရဲ့ကစားဟန်အရ ကျွန်တော်တို့က ရာနှုန်းပြည့်ခံစစ်ကာကွယ်နေဖို့ မဖြစ်နိုင်ပါဘူး။  ပထမဂိုးမှာ အစွန်နှစ်ဖက်က ဗဟိုခံစစ်မှူးတွေရဲ့နောက်တောင်ရောက်နေပါတယ်။ ဘောလုံးမှာအဲဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒုတိယပိုင်းကတော့ ဗန်ဒိုက်နဲ့အယ်လီတို့ နားလည်မှုလွဲခဲ့တာဖြစ်ပါတယ်။ ဒီမြင်ကွင်းမျိုးက ပုံမှန်မြင်တွေ့နေကျမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ တတိယဂိုးကတော့ ဟန်ဒိုကို  လူစားလဲလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ လူစာရင်းတွေပြောင်းရွှေ့နေပြီး၊ နေရာလွတ်တစ်ခုကို  မပိတ်ရသေးတဲ့အချိန်ဖြစ်ပါတယ်။ ခံစစ်ပိုင်းက ကစားသမား ၄ ဦးလုံး အင်္ဂလန်၊ ဟော်လန်၊ စကော့တလန်  အသင်းတွေအတွက် ကစားထားသူတွေပါ။ အားလုံးက ထိပ်တန်းအသင်းတွေဆိုပေမယ့် ကစားဟန်ခြင်း ခြားနားပါတယ်။ ရာသီအကြိုကာလမှာ ခံစစ်ကစားတဲ့ပုံစံတွေကို ဖြေရှင်းရမှာပါ။ စက်ဘီးစီးသလောက်တော့ မလွယ်ပါဘူး။ ဒီအပိုင်းတွေနောက်ပိုင်း တိုးတက်လာဦးမှာပါ”လို့ ပြောသွားပါတယ်။                               


(SO)






အခြားဆက်စပ်သတင်းများ