နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီရာသီကုန်ရင် အသင်းပြောင်းရွှေ့ဖို့ ကြိုတင်ကြံစည်ထားတဲ့ အမ်ဘာပေ

စက်တင်ဘာ  ၁၄


အသက် ၂၁ နှစ်သာရှိသေးတဲ့ PSG ရဲ့အဓိက တိုက်စစ်မှူး ကိုင်လီယန်အမ်ဘာပေဟာ မက်ဆီတို့ ရော်နယ်ဒိုတို့အလွန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဂုဏ်ကိုရရှိဖို့ ရေပန်းစားနေတဲ့သူပါ။ လက်ရှိကမ္ဘာ့ တန်ကြေးအမြင့်ဆုံးအဆင့်ထဲက ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ယခုနှစ်ရာသီကုန်ဆုံးချိန်မှာ PSG  အသင်းကို သေချာပေါက်စွန့်ခွာမယ်လို့ ပြင်သစ်သတင်းဌာနတွေက အခိုင်အမာဖော်ပြနေပါတယ်။ ကမ္ဘာ့အဆင့် ခြေစွမ်းပိုင်ရှင်အမ်ဘာပေရဲ့ လက်ရှိတန်ဖိုးဟာ ယူရိုသန်း ၂၀၀ အထက်မှာရှိပါတယ်။ သူ့ကိုခေါ်ယူနိုင်မယ့်အသင်းကလည်း ငွေကြေးတောင့်တင်းတဲ့အသင်းပဲဖြစ်နိုင်မှာပါ။ PSG  ဒီနှစ်ချန်ပီယံ လိဂ်ဖလားမရရင် စိန်ခေါ်မှု ပြင်းထန်တဲ့လိဂ်တွေရဲ့အသင်းတွေဆီကို ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်လို့ The Times သတင်းစာကြီးက ဖော်ပြသွားခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရဆိုရင် အမ်ဘာပေဟာ စပိန်လာလီဂါနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်တွေကို ပြောင်းရွှေ့ဖို့ စိတ်ကူးရည်မှန်း ထားကြောင်း သိရပါတယ်။ သတင်းထောက် Duncom Castles က အမ်ဘာပေရဲ့ဆန္ဒဟာ လီဗာပူး နည်းပြကလော့ရဲ့လက်အောက်မှာ ကစားချင်နေသလို မန်ယူအသင်းထံပြောင်းဖို့လည်း စိတ်ဝင်စား ကြောင်း ပြောဆိုပါတယ်။ ဒါပေမယ့် လက်ရှိမှာ အမ်ဘာပေကို ခေါ်ချင်နေတဲ့ အသင်းကတော့ ရီးရဲလ် အသင်းပဲဖြစ်ပါတယ်။ PSG က အမ်ဘာပေကို အဆုံးရှုံးမခံနိုင်ပေမယ့် ကစားသမားကတောင်းဆိုလာရင်  ထွက်ခွာခွင့်ပေးရဖွယ်ရှိနေပါတယ်။ အမ်ဘာပေကို ခေါ်ယူမယ့်အသင်းကတော့ ယူရို ၂၅၀ သန်း ဝန်းကျင် သုံးစွဲရဖွယ်ရှိပါတယ်။                      


(SO)






အခြားဆက်စပ်သတင်းများ