နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက် စပါးရဲ့ ပွဲဦးထွက်အစီအစဉ်ပျက်

စက်တင်ဘာ  ၁၄


ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပရီးမီးယားလိဂ်ရာသီစစချင်း ကွင်းထဲကိုပရိသတ်များ ဝင်ရောက် ခွင့်ပြုမည်မဟုတ်ကြောင်း အောက်တိုဘာလမှသာ ကွင်းထဲကို ပရိသတ်များပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ ဒါကြောင့် ယခုစက်တင်ဘာလ အတွင်း ပရီးမီးယားလိဂ်ပွဲစဉ်များကို ပရိသတ်မပါဘဲ တံခါးပိတ်ကစားရမှာဖြစ်ပါတယ်။ ယခုအပတ်  အဲဗာတန်နဲ့အိမ်ကွင်းပွဲမှာ ပရိသတ် ၄၀၀၀ ခန့်ဝင်ရောက်ခွင့်ပေးရန် စီစဉ်ထားတဲ့ စပါးအသင်းရဲ့အစီအစဉ် မှာလည်း ပျက်ပြယ်သွားခဲ့ပါတယ်။ အကယ်၍သာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံး၊ တစ်ရာသီလုံးပရိသတ် ဝင်ခွင့်မရဖြစ်မယ်ဆိုရင် ပြိုင်ပွဲဝင်အသင်းများ ပေါင်သန်း ၇၀၀ ဝင်ငွေဆုံးရှုံးမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချက်မာစတာက လုံခြုံစိတ်ချရသည်နဲ့အမျှ ကွင်းထဲကိုအမြန်ဆုံးပရိသတ်များ ဝင်ခွင့်ပြုရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။                                                                                       


(SO)






အခြားဆက်စပ်သတင်းများ