နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် အိုဆာကာ ချန်ပီယံဆုဆွတ်ခူး

စက်တင်ဘာ  ၁၄


အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၌ကျင်းပခဲ့သည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်တွင် ဂျပန်တင်းနစ်မယ် အိုဆာကာက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗိုလ်လုပွဲစဉ်တွင် ဂျပန်တင်းနစ်မယ် အိုဆာကာနှင့် ဘီလာရုစ်တင်းနစ်မယ် အာဇာရင်ခါတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိုဆာကာက (၁-၆ ၊ ၆-၃ ၊ ၆-၃) ရလဒ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုလည်း ပြန်လည်ရရှိခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိ အိုဆာကာသည် ကစားသမားဘဝသက်တမ်းတစ်လျှောက် ဂရင်းစလင်းချန်ပီယံ ဆုကို တတိယအကြိမ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ယူအက်စ်အိုးပင်းတင်းနစ်ချန်ပီယံဆုကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အိုဆာကာသည် အမျိုးသမီးအားကစားသမားများအနက် ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေပြီး ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဆုကြေးငွေ စတာလင် ပေါင် ၂ ဒသမ ၃ သန်းထိ ထပ်တိုးရရှိခဲ့သည်။

ထို့အပြင် အိုဆာကာသည် ဂရင်းစလန်းချန်ပီယံဆုကို သုံးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အာရှကစားသမားများအနက် ဂရင်းစလန်းချန်ပီယံဆုကို သုံးကြိမ်ထိဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးကစား သမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။                                                                   


(သူရိန်)






အခြားဆက်စပ်သတင်းများ