နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ရဲ့ မှတ်တမ်းမှတ်ရာများ

စက်တင်ဘာ  ၁၄


အဖွင့်ပွဲစဉ်ဘုရင်ကြီးမော်ရင်ဟို

မော်ရင်ဟိုဟာ ချဲလ်ဆီး၊ မန်ယူတို့ကိုကိုင်တွယ်ခဲ့စဉ် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ် ၁၁ ပွဲ ယှဉ်ပြိုင်ခဲ့ ဖူးပါတယ်။ အဲဒီ ၁၁ ပွဲယှဉ်ပြိုင်ခဲ့ရာမှာ မော်ရင်ဟိုက ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားလို့ ပွဲစဉ်ဘုရင်ကြီးအဖြစ် တင်စားနိုင်ခဲ့ပါ တယ်။

အဖွင့်ပွဲ ပွဲတိုင်းနိုင် ဂွာဒီယိုလာ

မော်ရင်ဟိုထက် အဖွင့်ပွဲကိုလန်းတဲ့သူကတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာပါ။ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အနည်းဆုံး ၂ ပွဲအထက် ကိုင်ဖူးတဲ့နည်းပြတွေထဲမှာ အဖွင့်ပွဲစဉ်ပွဲတိုင်းနိုင်တဲ့တစ်ဦးတည်းသောနည်းပြဖြစ်ပါတယ်။ သူဟာ မန်စီးတီးနဲ့အဖွင့်ပွဲစဉ် ၄ ပွဲကိုင်တွယ်ခဲ့ရာမှာ ၄ ပွဲလုံးနိုင်ပါတယ်။

အဖွင့်ပွဲစဉ် ရမှတ်အများဆုံးနဲ့ အအောင်မြင်ဆုံးမန်ယူ

ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့မန်ယူဟာ အဖွင့်ပွဲစဉ်ရမှတ်အများဆုံးရ အသင်းဖြစ်ပါတယ်။ မန်ယူဟာ ခေတ်သစ်ပရီးမီးယားလိဂ် သမိုင်းမှာ အဖွင့်ပွဲစဉ် ၂၈ ပွဲကစားရာ ၆၁ မှတ်ရခဲ့တာကြောင့် အနိုင်ရာခိုင်နှုန်း ၆၇ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။

အဖွင့်ပွဲစဉ်မှာ ရှုံးပွဲအနည်းဆုံးလီဗာပူး

မန်ယူနဲ့အတူ အအောင်မြင်ဆုံးဖြစ်တဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ရှုံးပွဲအနည်းဆုံးမှတ်တမ်းရရှိခဲ့ပါတယ်။ အဖွင့်ပွဲစဉ် ၂၉ ပွဲကစားရာမှာ ၁၇ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၄ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

အဖွင့်ပွဲစဉ် အကြီးမားဆုံးနိုင်ပွဲ ပိုင်ရှင်ချဲလ်ဆီး

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အကြီးမားဆုံးနိုင်ပွဲပိုင်ရှင်ကတော့ ချဲလ်ဆီးပါ။ ၂၀၁၀ အဖွင့်ပွဲမှာ ဝက်စ်ဘရွန်းကို ၆−၀ အနိုင်ရခဲ့ဖူးပါတယ်။

အဖွင့်ပွဲအရှုံးအများဆုံး ဝက်စ်ဟမ်း

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဖွင့်ပွဲမှာ အရှုံးအများဆုံးအသင်းကတော့ ဝက်စ်ဟမ်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂၄ ပွဲမှာ ၁၀ ပွဲထိနိုင်ခဲ့သော်လည်း ၁ ပွဲသရေ ၁၃ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ