နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 5000 mAh ပါဝင်သည့် Moto E7 Plus ကို ကြေညာ

စက်တင်ဘာ   ၁၄


Motorola ကုမ္ပဏီက စမတ်ဖုန်းသစ် Moto E7 Plus ကြေညာလာခဲ့ပြီဖြစ်သည်။ အဆိုပါဖုန်းသည် တန်ဖိုးသင့် စမတ်ဖုန်းဖြစ်သော်လည်း Snapdragon 460 ၊ 48MP ကင်မရာ၊ ဘက်ထရီ 5000 mAh ပါဝင်သည်။

Moto E7 Plus မှာ ၆ ဒသမ ၅ လက်မ HD+ LCD ရုပ်ထွက်သုံးထားပြီး Waterdrop Notch မှာ ရှေ့ကင်မရာ 8MP ပါဝင်သည်။ ကျောဘက်ကင်မရာနှစ်လုံးပါဝင်ပြီး 48MP + 2MP Depth ဖြစ်သည်။ လက်ဗွေရာစနစ်ကို ကျောဘက်ကင်မရာအောက် လိုဂိုမှာ ထည့်သွင်းထားသည်။

Snapdragon 460 SoC ၊ RAM4GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 64GB ပါဝင်ကာ microSD ကနေ ထပ်တိုးနိုင်မည်ဖြစ်သည်။ Android 10 လည်း တစ်ပါတည်းသုံးပေးထားသည်။ ဘက်ထရီ 5000 mAh ပါဝင်ပြီး microUSB မှတစ်ဆင့် 10W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။

Moto E7 Plus ကို ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၂၅၅ သတ်မှတ်ထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ