နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Discover mobile web နှင့် Android app အသစ်ကို စမ်းသပ်မိတ်ဆက်

စက်တင်ဘာ   ၁၄


ဖေ့စ်ဘုတ်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့မှ အင်တာနက်ပေါ်တွင် မည်သည့် ဝက်ဘ်ဆိုက်ကိုမဆို အမ်ပီတီမှ နေ့စဉ် အကန့်အသတ်ဖြင့် ပေးအပ်သွားမည့် အခမဲ့ဒေတာပမာဏကို အသုံးပြုပြီး ရှာဖွေလေ့လာနိုင်မည့် Discover mobile web နှင့် Android app အသစ်ကို စမ်းသပ်မိတ်ဆက်ခဲ့သည်။

ဒေတာကုန်ဆုံးသွားချိန်တွင် အင်တာနက်ချိတ်ဆက်မှုပြတ်တောက်သွားလေ့ရှိပြီး Discover ကို အသုံးပြု ပါက အမ်ပီတီ သုံးစွဲသူများသည် ဒေတာနောက်တစ်ကြိမ် ထပ်မံမဝယ်ယူသေးမီကာလအထိ အင်တာနက်ကို စဉ်ဆက်မပြတ် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကျန်းမာရေးအခက်အခဲကာလမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ စတင်နေချိန် အင်တာနက်ပေါ်တွင် ကျန်းမာရေးသတင်းအချက်အလက်များ အပါအဝင် အခြားလိုအပ်သည့် အချက်အလက် များကို ပုံမှန်ရယူသိရှိနိုင်ရန် နည်းလမ်းများ ရှာဖွေပံ့ပိုးပေးနိုင်ရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။ Discover ၏ ပင်မစာမျက်နှာတွင် ကိုဗစ်-၁၉ ကျန်းမာရေးသတင်း အချက်အလက်များကို ဦးစားပေး ဖော်ပြသွားမည်ဖြစ်သည်။

 ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) မှ မိုဘိုင်းလ်အော်ပရေတာများထံ ဆက်သွယ်ရေးဝန်ဆောင်မှုနှုန်းထားများ ဖြေလျော့ပေးရေးအတွက် ဆောင်ရွက်ပေးနေသည့်ကာလအတွင်း လိုအပ်သည့်ချိတ်ဆက်ရယူမှုများပြုလုပ်နိုင်ရန် ပံ့ပိုးကူညီသည့်အနေဖြင့် Discover ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ 

အမ်ပီတီသုံးစွဲသူများအနေဖြင့် ပုံမှန်အလုပ်လုပ်သည့် မည်သည့်မိုဘိုင်းလ်ဖုန်း အမျိုးအစားတွင်မဆို နှစ်သက်ရာ mobile web browser ဖြင့် 0.discoverapp.com ကို ဝင်ရောက်ပြီး Discover ကို ရယူအသုံးပြုနိုင်ပြီဖြစ်သည်။ Discover app ကို Google Play Store တွင် ဒေါင်းလုတ်ရယူပြီး အသုံးပြုနိုင်ပါသည်။ Discover အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက https://connectivity.fb.com/discover/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ